1. ထာဝရဘုရားသည်သိုးထိန်းတော်မြတ်ဖြစ်၍ ငါ့ကိုစောင့်ထိန်းတော်မူ၏။ထို့ကြောင့်ငါသည်လိုသမျှကိုရရှိ၏။
2. ကိုယ်တော်သည်ငါ့အားစိမ်းလန်းသော စားကျက်များတွင်နားနေစေတော်မူ၏။ဆိတ်ငြိမ်ရာမြစ်ချောင်းများသို့ လမ်းပြပို့ဆောင်တော်မူ၏။
3. ကိုယ်တော်သည်ငါ့ကိုအားသစ်လောင်းတော်မူ၏။ကတိတော်ရှိတော်မူသည့်အတိုင်းလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
4. အို ထာဝရဘုရား၊အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
5. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက်ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
6. ဧကန်မုချကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ၏ကျေးဇူးနှင့်ကရုဏာတော်ကိုတစ်သက်လုံး ခံစား၍ကိုယ်တော်ရှင်၏အိမ်တော်မှာအသက်ရှင်သမျှ ကာလပတ်လုံးနေရပါလိမ့်မည်။