1. ဘုရားသခင်၏လူစုတော်သည်စိတ်သဘောညီညွတ်လျက်နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်၍တင့်တယ်လှပါသည်တကား။
2. ယင်းသို့နေထိုင်မှုသည်အာရုန်၏ဦးခေါင်းမှသူ၏မုတ်ဆိတ်နှင့်ဝတ်လုံအင်္ကျီလည်ခွံသို့ တိုင်အောင် စီးကျလာသည့်အဖိုးတန်ဘိသိက်ဆီကဲ့သို့ဖြစ်၏။
3. ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့်တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။