1. အို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆိုလျက်ထာဝရဘုရား၏ဂုဏ်တော် ကို ချီးမွမ်းကြလော့။
2. ထာဝရဘုရားအားရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုကြလော့။ဝမ်းမြောက်ဖွယ်ရာသီချင်းများဆိုလျက် ရှေ့တော်သို့ဝင်ကြလော့။
3. ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
4. ကျေးဇူးတော်ကိုချီးမွမ်းလျက်တံခါးတော် တွင်းသို့ ဝင်ကြလော့။ထောမနာပြုလျက်တံတိုင်းတော်တွင်းသို့ဝင်ကြလော့။ကျေးဇူးတော်ကိုချီးမွမ်း၍ကိုယ်တော်အား ထောမနာပြုကြလော့။
5. ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည်မြဲ၍သစ္စာတော်သည် ကာလအစဉ်အဆက်တည်သတည်း။