1. ဇိအုန်မြို့ကိုသတိရသောအခါငါတို့သည်ဗာဗုလုံပြည်မြစ်ချောင်းများ အနီးတွင်ထိုင်၍ငိုကြွေးကြ၏။
2. အနီးအနားရှိမိုးမခပင်များတွင်ငါတို့၏ စောင်းများကိုချိတ်ဆွဲထားကြ၏။
3. ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အားဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။
4. ထာဝရဘုရားသခင်၏ဂုဏ်တော်ချီးမွမ်း သီချင်းကိုငါတို့သည်အဘယ်သို့လျှင်နိုင်ငံရပ်ခြား၌ ဆိုနိုင်ကြပါမည်နည်း။
5. အို ယေရုရှလင်မြို့၊သင့်ကိုငါမေ့လျော့ပါလျှင်ငါသည်စောင်းကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှ မတီးနိုင်ဘဲနေပါစေသော။
6. ငါသည်သင့်ကိုသတိမရလျှင်သော်လည်းကောင်း၊သင့်ကိုငါ့အားဝမ်းမြောက်ရွှင်လန်းဆုံးဖြစ်စေသည့် မြို့အဖြစ်ဖြင့်အမြတ်တနိုးမထားလျှင်သော်လည်းကောင်းငါသည်နောက်တစ်ဖန်အဘယ်အခါ၌မျှ သီချင်းမဆိုနိုင်ဘဲနေပါစေသော။
7. အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင်ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
8-9. အို ဗာဗုလုန်မြို့၊သင်သည်ဖြိုဖျက်ခြင်းခံရ ပေလိမ့်မည်။ငါတို့ကိုသင်ပြုကျင့်ခဲ့သည့်အမှုအတွက် သင့်အားလက်စားချေသူ၊သင်၏နို့စို့ကလေးတို့ကိုကိုင်၍ကျောက်ပေါ်တွင် ဆောင့်သတ်သူသည်မင်္ဂလာရှိ၏။