ဆာ​လံ 117 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း

1. နိုင်​ငံ​တ​ကာ​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။လူ​မျိုး​အ​ပေါင်း​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

2. ငါ​တို့​အ​တွက်​ထား​ရှိ​သော​မေတ္တာ​တော်​သည် ကြီး​မား​တော်​မူ​၏။ကိုယ်​တော်​၏​သစ္စာ​တော်​သည်​လည်း ထာ​ဝ​စဉ်​တည်​တော်​မူ​၏။ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။