1. ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ကိုယ်တော်၏နည်းလမ်းတော်များနှင့်အညီ ကျင့်ကြံပြုမူသူများသည်မင်္ဂလာရှိကြ၏။
2. သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
3. အိမ်တွင်း၌သင်၏ဇနီးသည်အသီးနှင့်ပြည့်သော စပျစ်ပင်ကဲ့သို့လည်းကောင်း၊စားပွဲပတ်လည်ရှိသင်၏သားများသည်လည်းစိုက်ပျိုးထားသောသံလွင်ပင်ပျိုများ ကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။
4. ထာဝရဘုရား၏စကားတော်ကိုနားထောင်သောသူသည်ဤနည်းအတိုင်း အမှန်ပင် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
5. ဇိအုန်တောင်တော်ပေါ်မှထာဝရဘုရားသည် သင့်ကိုကောင်းချီးမင်္ဂလာပေးတော်မူပါစေသော။သင်သည်အသက်ရှင်သမျှကာလပတ်လုံးယေရုရှလင်မြို့၏ဝပြောစည်ပင်နေသည်ကို တွေ့မြင်ရပါစေသော။
6. သင်သည်မြေးများရရှိလာသည်တိုင်အောင် အသက်ရှည်ပါစေသော။ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။