1-2. ထာဝရဘုရားကိုထောမနာပြုကြလော့။ထာဝရဘုရား၏အစေခံသူ၊ထာဝရ ဘုရား၏ အိမ်တော်တည်းဟူသောငါတို့ဘုရား၏ဗိမာန်တော်တွင်ရပ်နေသူတို့ နာမတော်အားထောမနာပြုကြလော့။
3. ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကိုယ်တော်အားထောမနာပြုကြလော့။ကိုယ်တော်သည်သနားကြင်နာတော်မူသည် ဖြစ်၍ နာမတော်အားထောမနာသီချင်းဆိုကြလော့။
4. ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
5. ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။
6. ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်းအလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
7. ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။
8. အီဂျစ်ပြည်တွင်လူနှင့်တိရစ္ဆာန်သားဦးရှိ သမျှကို သေဒဏ်ခတ်တော်မူ၏။
9. ထိုပြည်တွင်ဖာရောဘုရင်နှင့်သူ၏အမှုထမ်းအပေါင်းတို့ကိုဒဏ်ခတ်တော် မူရန်ကိုယ်တော်သည်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်အမှုတို့ကိုပြုတော်မူ၏။
10. များစွာသောတိုင်းနိုင်ငံတို့ကိုပြိုပျက်စေတော်မူ၍ဘုန်းကြီးသော ဘုရင်တို့ကိုကွပ်မျက်တော်မူ၏။
11. အာမောရိဘုရင်ရှိဟုန်မင်း၊ဗာရှန်ဘုရင်သြဃမင်းနှင့်ခါနာန်နိုင်ငံမှဘုရင်အပေါင်း တို့ကို ကွပ်မျက်တော်မူ၏။
12. သူတို့၏နယ်မြေများကိုမိမိ၏လူစုတော်အား ပေးတော်မူ၏။ထိုနယ်မြေများကိုဣသရေလအမျိုးသား တို့အား ပေးတော်မူ၏။
13. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ဘုရားဖြစ်တော်မူကြောင်းကိုလူတို့သည်အခါခပ်သိမ်းကြားသိကြပါ လိမ့်မည်။ကိုယ်တော်၏နာမတော်သည်ကာလအစဉ် အဆက် ကျော်ကြားပါလိမ့်မည်။
14. ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာတော်မူလိမ့်မည်။မိမိ၏အစေခံတို့အားကရုဏာ ထားတော်မူလိမ့်မည်။
15. လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။
16. ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊မျက်စိများရှိပါလျက်မမြင်နိုင်။
17. သူတို့သည်နားများရှိပါလျက်မကြားနိုင်။သူတို့၏ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။
18. ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကိုကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။
19. အို ဣသရေလအမျိုးသားတို့၊ထာဝရ ဘုရားအား ထောမနာပြုကြလော့။ဘုရားသခင်၏ယဇ်ပုရောဟိတ်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
20. လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။