1. အကယ်၍ထာဝရဘုရားသာငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။
2. ငါတို့အားရန်သူများတိုက်ခိုက်ကြစဉ်အခါကထာဝရဘုရားသာငါတို့ဘက်၌ရှိတော် မမူခဲ့လျှင်
3. သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
4. ထိုနောက်ငါတို့သည်ရေစီးရာသို့မျောပါသွား၍ ရေသည်ငါတို့ကိုလွှမ်းမိုးလိမ့်မည်။
5. ငါတို့သည်အဟုန်ပြင်းသည့်ရေစီးချောင်းတွင် နစ်မြုပ်သွားကြလိမ့်မည်။
6. ငါတို့ကိုရန်သူများအုပ်ဖမ်းကိုက်စားသည့်အစာဖြစ်ခွင့်ပေးတော်မမူသောထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းကြကုန်စို့။
7. ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။
8. ငါတို့သည်ကူညီမစမှုကိုကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရား၏ထံတော်မှရရှိကြ သတည်း။