1. အို ထာဝရဘုရား၊အဘယ်သူသည်ကိုယ်တော်၏ဗိမာန်တော်သို့ ဝင်နိုင်ပါမည်နည်း။အဘယ်သူသည်ကိုယ်တော်၏သန့်ရှင်းမြင့် မြတ်သော ဇိအုန်တောင်တော်ပေါ်တွင်ကိုးကွယ်ဝတ်ပြုနိုင်ပါမည်နည်း။
2. ခပ်သိမ်းသောအမှုတို့တွင်ဘုရားသခင်၏ စကားကိုနားထောင်လျက်ဖြောင့်မှန်ရာကိုအစဉ်ပြုကျင့်တတ်သူ၊ ဟုတ်မှန်ရိုးသားစွာပြောဆိုတတ်သူ၊
3. သူတစ်ပါး၏အသရေကိုမဖျက်တတ်သူ ဖြစ်ပါ၏။ထိုသူသည်မိမိ၏မိတ်ဆွေများကိုမပြစ်မှားတတ်။အိမ်နီးချင်းတို့၏အကြောင်းကိုလည်းမကောင်း သတင်း မလွှင့်တတ်။
4. သူသည်ဘုရားသခင်ပစ်ပယ်သူတို့ကို စက်ဆုပ်ရွံရှာ၍ထာဝရဘုရား၏စကားကိုနားထောင် သူတို့အား ဂုဏ်ပြုချီးမြှင့်တတ်၏။အဘယ်မျှပင်မိမိ၏အကျိုးထိခိုက်နစ်နာ စေကာမူ မိမိ၏ကတိများအတိုင်းအစဉ်ပြုတတ်၏။
5. သူသည်အတိုးမယူဘဲမိမိ၏ငွေကို ချေးငှားတတ်၏။သူသည်တံစိုးလက်ဆောင်ယူ၍အပြစ်မဲ့ သူတို့ ထိခိုက်နစ်နာစေရန်သက်သေမခံတတ်။ဤသို့သောသူသည်အစဉ်အမြဲဘေး ကင်းလုံခြုံစွာ နေရလိမ့်မည်။