၂ ရာ​ချုပ် 33:8-18 Judson Bible (BJB)

8. ငါမှာထားသမျှအတိုင်း၊ မောရှအားဖြင့် စီရင်ထုံးဖွဲ့သမျှသော တရာအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊

9. မနာရှေသည် ယုဒပြည်သူ ယေရုရှလင်မြို့သား တို့ကို လမ်းလွဲစေ၏။ ဣသရေလအမျိုးသားတို့ရှေ့မှ၊ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက်၊ သာ၍ဆိုးသောအမှုကိုပြုစေ၏။

10. ထာဝရဘုရားသည် မနာရှေနှင့် သူ၏လူတို့အား မိန့်တော်မူသော် လည်း၊ သူတို့သည် နားမထောင်ဘဲနေသောကြောင့်၊

11. အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော၌ဘမ်းမိ၍၊ သံကြိုးနှင့်ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။

12. ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသောအခါ၊ မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန် နှိမ့်ချလျက်၊

13. ဆုတောင်းပဌနာပြုသောစကားကို ဘုရားသခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏။

14. ထိုနောက်၊ ဒါဝိဒ်မြို့ပြင်၊ ဂိဟုန်မြို့ အနောက်ဘက်၊ ချိုင့်ထဲမှာ ငါးတံခါးဝတိုင်အောင်၎င်း၊ ဩဖေလရဲတိုက်ပတ်လည်၌၎င်း၊ အလွန်မြင့်သော မြို့ရိုးကို တည်၏။ ယုဒပြည်တွင် ခိုင်ခံ့သောမြို့ရှိသမျှတို့၌ တပ်မှူးတို့ကို ခန့်ထား၏။

15. တပါးအမျိုးတို့၏ဘုရားများနှင့် အရင်လုပ်သောရုပ်တုကို၊ ဗိမာန်တော်ထဲကထုတ်၍၊ ဗိမာန်တော် တောင်ပေါ်၊ ယေရုရှလင်မြို့ထဲမှာ အရင်တည်သော ယဇ်ပလ္လင်တို့ကိုလည်း မြို့ပြင်သို့ ထုတ်ပစ်လေ၏။

16. ထာဝရဘုရား၏ ယဇ်ပလ္လင်ကိုပြုပြင်၍၊ မိဿဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကိုပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။

17. သို့ရာတွင် ပြည်သားတို့သည် မြင့်သောအရပ်ပေါ်မှာ ယဇ်ပူဇော်လျက်ပင်၊ မိမိတို့ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ကြ၏။

18. မနာရှေပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် မိမိဘုရားသခင်ကို ဆုတောင်းခြင်းအရာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့်နှင့် သူ့အားပရောဖက်တို့ ဟောပြောသောစကားသည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။

၂ ရာ​ချုပ် 33