အာရှုရိရှင်ဘုရင်၏ ဗိုလ်မင်းများကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေကို ဆူးတော၌ဘမ်းမိ၍၊ သံကြိုးနှင့်ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ ဆောင်သွားကြ၏။