25. ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော်လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။
26. တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရောဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ၊ သားတော် ယေရမေလ၊ အာဇရေလသားစရာယ၊ အာဗဒေလသားရှေလမိတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။
27. ယေရမိနှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထားသော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊
28. သင်သည်အခြားသော စာလိပ်ကိုယူ၍၊ ယုဒရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှသော စကားရင်းအတိုင်း ရေးထားလော့။