တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရောဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ၊ သားတော် ယေရမေလ၊ အာဇရေလသားစရာယ၊ အာဗဒေလသားရှေလမိတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။