4. ခမည်းတော်ဟာမော်ထံသို့လည်းဝင်၍၊ ဤမိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ပေးတော်မူပါဟု လျှောက်ဆို၏။
5. ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသားရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ကိုငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။
6. ထိုနောက်၊ ရှေခင်အဘဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါလာ၍၊
7. ယာကုပ်၏သားတို့လည်း သိတင်းကြားသောအခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့်အိပ်မိ၍၊ ဣသရေလအမျိုး၌မိုက်သောအမှု၊ မပြုအပ်သောအရာကို ပြုမိသောကြောင့်၊ သူတို့သည်စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
8. ဟာမော်မင်းလည်းသူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစားကြပါလော့။