ယာကုပ်၏သားတို့လည်း သိတင်းကြားသောအခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့်အိပ်မိ၍၊ ဣသရေလအမျိုး၌မိုက်သောအမှု၊ မပြုအပ်သောအရာကို ပြုမိသောကြောင့်၊ သူတို့သည်စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။