၄ ရာ 3:7-22 Common Language Bible (BCL)

7. ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​ထံ​သို့​သံ​တ​မန်​စေ လွှတ်​၍``မော​ဘ​မင်း​သည်​အ​ကျွန်ုပ်​ကို​ပုန်​ကန် လေ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​တိုက်​ခိုက်​ရန်​အ​ဆွေ တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ပါ မည်​လော'' ဟု​မေး​မြန်း​၏။ယော​ရှ​ဖတ်​က``ကျွန်ုပ်​ဝင်​ပါ​မည်။ ကျွန်ုပ်​သည် အ​ဆွေ​တော်​ခိုင်း​ရာ​ကို​ပြု​ရန်​အ​သင့်​ရှိ​ပါ သည်။ ကျွန်ုပ်​၏​စစ်​သည်​တော်​များ၊ မြင်း​များ သည်​လည်း​အ​ဆွေ​တော်​၏​စစ်​သည်၊ မြင်း​များ ကဲ့​သို့​ဖြစ်​ပါ​၏။-

8. တိုက်​ခိုက်​ရန်​အ​ဘယ်​လမ်း​ဖြင့်​ချီတက်​ကြ​ပါ​မည် နည်း'' ဟု​မေး​၏။ယော​ရံ​က``ကျွန်ုပ်​တို့​သည်​ဧ​ဒုံ​တော​ကန္တာ​ရ​လမ်း​ကို ဖြတ်​၍ လမ်း​ရှည်​ဖြင့်​ချီ​တက်​ကြ​ပါ​မည်'' ဟု​ဖြေ ကြား​၏။

9. သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်၊ ယု​ဒ​ဘု​ရင်​နှင့်​ဧဒုံ ဘု​ရင်​တို့​သည်​ထွက်​ခွာ​သွား​ကြ​ရာ ခု​နစ်​ရက်​မျှ ကြာ​သော​အ​ခါ​တပ်​သား​များ​အ​တွက်​သော် လည်း​ကောင်း၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​တွက်​သော် လည်း​ကောင်း​သောက်​သုံး​ရန်​ရေ​ကုန်​သွား​သ​ဖြင့်၊-

10. ယော​ရံ​မင်း​က``ငါ​တို့​အ​ခက်​ကြုံ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​မင်း​သုံး​ပါး​ကို​မော​ဘ​ဘု​ရင် ၏​လက်​သို့​အပ်​တော်​မူ​လေ​ပြီ​တ​ကား'' ဟု​ဆို​၏။

11. ယော​ရှ​ဖတ်​မင်း​က``ထာ​ဝရ​ဘု​ရား​အား​မေး လျှောက်​ပေး​မည့်​ပ​ရော​ဖက်​တစ်​ပါး​မျှ ဤ​အ​ရပ် တွင်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။ယော​ရံ​၏​တပ်​များ​မှ​တပ်​မှူး​တစ်​ယောက်​က``ရှာ ဖတ်​၏​သား​ဧ​လိ​ရှဲ​ရှိ​ပါ​သည်။ သူ​သည်​ဧ​လိ​ယ ၏​လက်​ထောက်​ဖြစ်​ခဲ့​ဖူး​ပါ​၏'' ဟု​လျှောက်​လေ​၏။

12. ယော​ရှ​ဖတ်​မင်း​က``ထို​သူ​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​ပေ​သည်'' ဟု​ဆို​သ​ဖြင့်​မင်း​သုံး​ပါး တို့​သည်​ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ​၏။

13. ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``အ​ဘယ် ကြောင့်​သင့်​အား ငါ​ကူ​ညီ​ရ​ပါ​မည်​နည်း။ သင် ၏​ခ​မည်း​တော်၊ မယ်​တော်​တို့​၏​အ​တိုင်​ပင်​ခံ ပ​ရော​ဖက်​များ​ထံ​သို့​သွား​၍​တိုင်​ပင်​ပါ​လော့'' ဟု​ဆို​၏။ယော​ရံ​က``ဤ​သို့​မ​ဆို​ပါ​နှင့်။ ငါ​တို့​မင်း​သုံး ပါး​ကို မော​ဘ​ဘု​ရင်​၏​လက်​သို့​အပ်​တော်​မူ သော​အ​ရှင်​မှာ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော် မူ​ပါ​၏'' ဟု​ဆို​၏။

14. ဧ​လိ​ရှဲ​က``ငါ​ကိုး​ကွယ်​လျက်​နေ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း​အ​ကယ်​၍​ငါ​သည်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​၏​မျက်​နှာ​တော်​ကို​သာ​မ​ထောက် ခဲ့​သော်​သင့်​အား​လှည့်​၍​ပင်​ကြည့်​မည်​မ​ဟုတ် ပါ။-

15. ယ​ခု​ငါ့​ထံ​သို့​စောင်း​သ​မား​တစ်​ဦး​ကို ခေါ်​ခဲ့​ပါ​လော့'' ဟု​ဆို​၏။စောင်း​သ​မား​သည်​စောင်း​တီး​၍​နေ​စဉ် ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​သည်​ဧ​လိ​ရှဲ​အ​ပေါ်​သို့​သက်​ရောက် လာ​၏။-

16. သို့​ဖြစ်​၍​ဧ​လိ​ရှဲ​က``ထာ​ဝ​ရ​ဘု​ရား​က`ခြောက် သွေ့​လျက်​ရှိ​သည့်​ဤ​ချောင်း​တွင်​မြောင်း​များ​ကို တူး​လော့။-

17. သင်​တို့​သည်​မိုး​နှင့်​လေ​ကို​မ​တွေ့​မ​မြင်​ရ​သော် လည်း ဤ​ချောင်း​သည်​ရေ​ပြည့်​လိမ့်​မည်။ သင်​တို့​နှင့် သင်​တို့​၏​သိုး​နွား​များ​ဝန်​တင်​တိ​ရစ္ဆာန်​များ အ​တွက် သောက်​သုံး​ရန်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ လိမ့်​မည်' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ပြီ'' ဟု ဆို​၏။-

18. ထို့​နောက်​ဧ​လိ​ရှဲ​သည်​ဆက်​၍``ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​ရန်​လွယ်​ကူ​သော​အ​မှု ဖြစ်​၏။ ကိုယ်​တော်​သည်​မော​ဘ​ပြည်​သား​တို့ အား သင်​တို့​၏​လက်​သို့​အပ်​တော်​မူ​လိမ့်​မည်။-

19. သင်​တို့​သည်​ထို​သူ​တို့​၏​လှ​ပ​သည့်​ခံ​တပ်​မြို့ များ​ကို​သိမ်း​ယူ​၍ သစ်​သီး​ပင်​ရှိ​သ​မျှ​ကို​ခုတ် လှဲ​ပစ်​ကြ​လိမ့်​မည်။ သူ​တို့​၏​စမ်း​ရေ​တွင်း​ရှိ​သ​မျှ ကို​ပိတ်​ဆို့​ကာ မြေ​ကောင်း​မြေ​သန့်​ရှိ​သ​မျှ​တို့ ကို​ကျောက်​ခဲ​များ​နှင့်​ဖုံး​၍​ဖျက်​ဆီး​ကြ​လိမ့် မည်'' ဟု​ဆင့်​ဆို​၏။

20. နောက်​တစ်​နေ့​နံ​နက်​ယဇ်​ပူ​ဇော်​နေ​ကျ​အ​ချိန်​၌ ရေ​သည်​ဧ​ဒုံ​ပြည်​ဘက်​မှ​စီး​ဆင်း​လာ​ပြီး​လျှင် မြေ​ပြင်​ကို​ဖုံး​လွှမ်း​လေ​၏။

21. ဘု​ရင်​သုံး​ပါး​တို့​စစ်​ချီ​လာ​ကြ​ကြောင်း​မော​ဘ ပြည်​သား​တို့​သိ​ရှိ​လာ​ကြ​သော​အ​ခါ သူ​တို့​သည် လက်​နက်​ကိုင်​ဆောင်​နိုင်​သူ​အ​ကြီး​ဆုံး​မှ​အ​ငယ် ဆုံး​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့​ကို​စု​ရုံး​စေ ၍ နယ်​စပ်​တွင်​နေ​ရာ​ယူ​စေ​ကြ​၏။-

22. နောက်​တစ်​နေ့​နံနက်​သူ​တို့​အိပ်​ယာ​မှ​နိုး​ထ​ချိန်​၌ နေ​သည်​ရေ​ပေါ်​တွင်​အ​ရောင်​ဟပ်​သ​ဖြင့် ရေ​ကို သွေး​ကဲ့​သို့​နီ​မြန်း​သော​အ​သွင်​ကို​ဆောင်​စေ​၏။-

၄ ရာ 3