ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။ယောရှဖတ်က``ကျွန်ုပ်ဝင်ပါမည်။ ကျွန်ုပ်သည် အဆွေတော်ခိုင်းရာကိုပြုရန်အသင့်ရှိပါ သည်။ ကျွန်ုပ်၏စစ်သည်တော်များ၊ မြင်းများ သည်လည်းအဆွေတော်၏စစ်သည်၊ မြင်းများ ကဲ့သို့ဖြစ်ပါ၏။-