၄ ရာ 3:7-15 Common Language Bible (BCL)

7. ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​ထံ​သို့​သံ​တ​မန်​စေ လွှတ်​၍``မော​ဘ​မင်း​သည်​အ​ကျွန်ုပ်​ကို​ပုန်​ကန် လေ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​တိုက်​ခိုက်​ရန်​အ​ဆွေ တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ပါ မည်​လော'' ဟု​မေး​မြန်း​၏။ယော​ရှ​ဖတ်​က``ကျွန်ုပ်​ဝင်​ပါ​မည်။ ကျွန်ုပ်​သည် အ​ဆွေ​တော်​ခိုင်း​ရာ​ကို​ပြု​ရန်​အ​သင့်​ရှိ​ပါ သည်။ ကျွန်ုပ်​၏​စစ်​သည်​တော်​များ၊ မြင်း​များ သည်​လည်း​အ​ဆွေ​တော်​၏​စစ်​သည်၊ မြင်း​များ ကဲ့​သို့​ဖြစ်​ပါ​၏။-

8. တိုက်​ခိုက်​ရန်​အ​ဘယ်​လမ်း​ဖြင့်​ချီတက်​ကြ​ပါ​မည် နည်း'' ဟု​မေး​၏။ယော​ရံ​က``ကျွန်ုပ်​တို့​သည်​ဧ​ဒုံ​တော​ကန္တာ​ရ​လမ်း​ကို ဖြတ်​၍ လမ်း​ရှည်​ဖြင့်​ချီ​တက်​ကြ​ပါ​မည်'' ဟု​ဖြေ ကြား​၏။

9. သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်၊ ယု​ဒ​ဘု​ရင်​နှင့်​ဧဒုံ ဘု​ရင်​တို့​သည်​ထွက်​ခွာ​သွား​ကြ​ရာ ခု​နစ်​ရက်​မျှ ကြာ​သော​အ​ခါ​တပ်​သား​များ​အ​တွက်​သော် လည်း​ကောင်း၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​တွက်​သော် လည်း​ကောင်း​သောက်​သုံး​ရန်​ရေ​ကုန်​သွား​သ​ဖြင့်၊-

10. ယော​ရံ​မင်း​က``ငါ​တို့​အ​ခက်​ကြုံ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​မင်း​သုံး​ပါး​ကို​မော​ဘ​ဘု​ရင် ၏​လက်​သို့​အပ်​တော်​မူ​လေ​ပြီ​တ​ကား'' ဟု​ဆို​၏။

11. ယော​ရှ​ဖတ်​မင်း​က``ထာ​ဝရ​ဘု​ရား​အား​မေး လျှောက်​ပေး​မည့်​ပ​ရော​ဖက်​တစ်​ပါး​မျှ ဤ​အ​ရပ် တွင်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။ယော​ရံ​၏​တပ်​များ​မှ​တပ်​မှူး​တစ်​ယောက်​က``ရှာ ဖတ်​၏​သား​ဧ​လိ​ရှဲ​ရှိ​ပါ​သည်။ သူ​သည်​ဧ​လိ​ယ ၏​လက်​ထောက်​ဖြစ်​ခဲ့​ဖူး​ပါ​၏'' ဟု​လျှောက်​လေ​၏။

12. ယော​ရှ​ဖတ်​မင်း​က``ထို​သူ​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​ပေ​သည်'' ဟု​ဆို​သ​ဖြင့်​မင်း​သုံး​ပါး တို့​သည်​ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ​၏။

13. ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``အ​ဘယ် ကြောင့်​သင့်​အား ငါ​ကူ​ညီ​ရ​ပါ​မည်​နည်း။ သင် ၏​ခ​မည်း​တော်၊ မယ်​တော်​တို့​၏​အ​တိုင်​ပင်​ခံ ပ​ရော​ဖက်​များ​ထံ​သို့​သွား​၍​တိုင်​ပင်​ပါ​လော့'' ဟု​ဆို​၏။ယော​ရံ​က``ဤ​သို့​မ​ဆို​ပါ​နှင့်။ ငါ​တို့​မင်း​သုံး ပါး​ကို မော​ဘ​ဘု​ရင်​၏​လက်​သို့​အပ်​တော်​မူ သော​အ​ရှင်​မှာ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော် မူ​ပါ​၏'' ဟု​ဆို​၏။

14. ဧ​လိ​ရှဲ​က``ငါ​ကိုး​ကွယ်​လျက်​နေ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း​အ​ကယ်​၍​ငါ​သည်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​၏​မျက်​နှာ​တော်​ကို​သာ​မ​ထောက် ခဲ့​သော်​သင့်​အား​လှည့်​၍​ပင်​ကြည့်​မည်​မ​ဟုတ် ပါ။-

15. ယ​ခု​ငါ့​ထံ​သို့​စောင်း​သ​မား​တစ်​ဦး​ကို ခေါ်​ခဲ့​ပါ​လော့'' ဟု​ဆို​၏။စောင်း​သ​မား​သည်​စောင်း​တီး​၍​နေ​စဉ် ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​သည်​ဧ​လိ​ရှဲ​အ​ပေါ်​သို့​သက်​ရောက် လာ​၏။-

၄ ရာ 3