1. ယုဒပြည်ဘုရင်ယောရှဖတ်၏နန်းစံတစ်ဆယ့် ရှစ်နှစ်မြောက်၌ အာဟပ်၏သားတော်ယောရံသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်နှစ်နှစ်စိုးစံရ၏။-
2. သူသည်ဘုရားသခင်အားပြစ်မှားသော်လည်း မိမိ ၏ခမည်းတော်သို့မဟုတ်မယ်တော်ယေဇဗေလ လောက်မဆိုးချေ။ သူသည်ခမည်းတော်တည်လုပ် ခဲ့သောဗာလဘုရားကျောက်တိုင်ကိုပယ်ရှား လိုက်လေသည်။-
3. သို့ရာတွင်မိမိအလျင်အုပ်စိုးခဲ့သည့်နေဗတ် ၏သားယေရောဗောင်မင်းကဲ့သို့ပင် ဣသရေလ အမျိုးသားတို့အားအပြစ်ကူးစေရန်ရှေ့ ဆောင်လမ်းပြပေးလေသည်။ ထိုသို့အပြစ် ကူးလွန်မှုကိုအမြဲပြု၏။
4. မောဘဘုရင်မေရှာသည်သိုးများကိုမွေးမြူကာ နှစ်စဉ်နှစ်တိုင်းဣသရေလဘုရင်အားသိုးငယ် အကောင်တစ်သိန်းကိုလည်းကောင်း၊ သိုးကြီးအ ကောင်တစ်သိန်းမှရရှိသောသိုးမွေးကိုလည်း ကောင်း အခွန်ဘဏ္ဍာအဖြစ်ဆက်သလေ့ရှိ၏။-
5. သို့ရာတွင်ဣသရေလဘုရင်အာဟပ်ကွယ်လွန် သွားသောအခါ မေရှာသည်ဣသရေလပြည် ကိုပုန်ကန်လေ၏။-
6. ယောရံမင်းသည်ချက်ချင်းပင်ရှမာရိမြို့မှ ထွက်၍ စစ်သည်တော်တို့ကိုစုရုံး၏။-
7. ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။ယောရှဖတ်က``ကျွန်ုပ်ဝင်ပါမည်။ ကျွန်ုပ်သည် အဆွေတော်ခိုင်းရာကိုပြုရန်အသင့်ရှိပါ သည်။ ကျွန်ုပ်၏စစ်သည်တော်များ၊ မြင်းများ သည်လည်းအဆွေတော်၏စစ်သည်၊ မြင်းများ ကဲ့သို့ဖြစ်ပါ၏။-
8. တိုက်ခိုက်ရန်အဘယ်လမ်းဖြင့်ချီတက်ကြပါမည် နည်း'' ဟုမေး၏။ယောရံက``ကျွန်ုပ်တို့သည်ဧဒုံတောကန္တာရလမ်းကို ဖြတ်၍ လမ်းရှည်ဖြင့်ချီတက်ကြပါမည်'' ဟုဖြေ ကြား၏။
9. သို့ဖြစ်၍ဣသရေလဘုရင်၊ ယုဒဘုရင်နှင့်ဧဒုံ ဘုရင်တို့သည်ထွက်ခွာသွားကြရာ ခုနစ်ရက်မျှ ကြာသောအခါတပ်သားများအတွက်သော် လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များအတွက်သော် လည်းကောင်းသောက်သုံးရန်ရေကုန်သွားသဖြင့်၊-
10. ယောရံမင်းက``ငါတို့အခက်ကြုံပြီ။ ထာဝရ ဘုရားသည် ငါတို့မင်းသုံးပါးကိုမောဘဘုရင် ၏လက်သို့အပ်တော်မူလေပြီတကား'' ဟုဆို၏။
11. ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။ယောရံ၏တပ်များမှတပ်မှူးတစ်ယောက်က``ရှာ ဖတ်၏သားဧလိရှဲရှိပါသည်။ သူသည်ဧလိယ ၏လက်ထောက်ဖြစ်ခဲ့ဖူးပါ၏'' ဟုလျှောက်လေ၏။
12. ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။
13. ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။