24. ယခုသုံးကျိပ်နှစ်ပါးသောမင်းတို့အားမိမိ တို့တပ်များကိုမအုပ်ချုပ်စေတော့ဘဲ သူတို့ ၏နေရာတွင်စစ်ဗိုလ်မှူးများကိုအစားထိုး ၍ခန့်ထားတော်မူပါ။-
25. ထို့နောက်ယခင်အခါကအရှင့်အားစွန့်ခွာ ထွက်ပြေးသည့်တပ်မတော်နှင့်အမျှကြီးမား ၍ ယခင်ကကဲ့သို့ပင်များပြားသောမြင်း တပ်၊ ရထားတပ်များပါဝင်သည့်တပ်မတော် ကိုဖွဲ့စည်းတော်မူပါ။ အကျွန်ုပ်တို့သည်ဣသ ရေလအမျိုးသားတို့အားလွင်ပြင်တွင်တိုက် ခိုက်ကြမည်ဖြစ်၍ ယခုအကြိမ်၌သူတို့ အားအနိုင်ရကြပါလိမ့်မည်'' ဟုလျှောက် ထားကြ၏။ယင်းသို့လျှောက်ထားသည်ကိုဗင်္ဟာဒဒ်မင်း သည်နှစ်သက်သဖြင့် ထိုသူတို့ပေးသည့် အကြံအတိုင်းဆောင်ရွက်တော်မူ၏။-
26. နွေဦးပေါက်သောအခါမင်းကြီးသည် မိမိ၏ စစ်သည်တော်တို့ကိုစုရုံးစေပြီးလျှင်အာဖက် မြို့သို့ချီတက်လေ၏။-
27. ဣသရေလအမျိုးသားတို့သည်လည်းစုရုံး ကာ စားနပ်ရိက္ခာစုံနှင့်မြို့ပြင်သို့ထွက်လာကြ လေသည်။ သူတို့သည်မိမိတို့၏တပ်ကိုနှစ်စု ခွဲ၍ရှုရိတပ်ကိုမျက်နှာမူကာနေရာယူ ကြ၏။ လွင်ပြင်တစ်ခုလုံးပြည့်နှက်နေသည့် ရှုရိအမျိုးသားတို့နှင့်နှိုင်းယှဉ်ကြည့်ပါ လျှင် ဣသရေလအမျိုးသားတို့သည်ဆိတ် အုပ်ကလေးနှစ်စုနှင့်တူပေသည်။
28. ပရောဖက်တစ်ပါးသည်အာဟပ်မင်းထံသို့ သွား၍``ထာဝရဘုရားက`ငါသည်တောင်ကို အစိုးရသောဘုရားဖြစ်သည်။ လွင်ပြင်ကို အစိုးမရဟုရှုရိအမျိုးသားတို့ကဆို သောကြောင့် သူတို့၏ကြီးမားသောတပ်မ တော်ကိုသင်၏လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်နှင့် တကွသင်၏ပြည်သူတို့သိရကြလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
29. ရှုရိအမျိုးသားနှင့်ဣသရေလအမျိုးသား များသည် ခုနစ်ရက်တိုင်တိုင်မျက်နှာချင်းဆိုင် တပ်စွဲလျက်နေကြ၏။ ခုနစ်ရက်မြောက်သော နေ့၌စတင်တိုက်ခိုက်ကြသောအခါ ဣသ ရေလအမျိုးသားတို့ကရှုရိအမျိုးသား တစ်သိန်းကိုသတ်ဖြတ်လိုက်လေသည်။-
30. ကျန်ကြွင်းသောသူတို့သည်အာဖက်မြို့ထဲသို့ ဝင်ပြေးကြရာ လူပေါင်းနှစ်သောင်းခုနစ်ထောင် အပေါ်သို့မြို့ရိုးပြိုကျလေ၏။ဗင်္ဟာဒဒ်သည်လည်းမြို့ထဲသို့ဝင်ပြေးပြီးလျှင် အိမ်တစ်အိမ်ရှိအတွင်းခန်းတစ်ခုတွင်ပုန်း အောင်း၍နေ၏။-
31. သူ၏အမှုထမ်းများသည်သူ့ထံသို့လာ၍``ဣသ ရေလဘုရင်များသည်သနားညှာတာတတ် ကြောင်း အကျွန်ုပ်တို့ကြားသိရပါသည်။ သို့ဖြစ် ၍အကျွန်ုပ်တို့အားဣသရေလဘုရင်ထံသွား ခွင့်ပြုတော်မူပါ။ အကျွန်ုပ်တို့သည်ခါးတွင် လျှော်တေစည်း၍လည်တွင်ကြိုးများပတ်ပြီး လျှင်သွားရောက်ကြပါမည်။ သူသည်အရှင် ၏အသက်ကိုချမ်းသာပေးကောင်းပေးပါ လိမ့်မည်'' ဟုလျှောက်ထားကြ၏။-
32. ထို့နောက်သူတို့သည်ခါးတွင်လျှော်တေစည်း၍ လည်တွင်ကြိုးများပတ်ပြီးလျှင် အာဟပ်မင်း ထံသို့သွားရောက်ကာ``အရှင်၏အစေခံဗင်္ဟာ ဒဒ်ကသူ၏အသက်ကိုချမ်းသာပေးတော် မူရန်ပန်ကြားလိုက်ပါသည်'' ဟုလျှောက် ထားကြ၏။အာဟပ်က``ငါ့နောင်တော်အသက်ရှင်သေး သလော'' ဟုဆို၏။