ပရောဖက်တစ်ပါးသည်အာဟပ်မင်းထံသို့ သွား၍``ထာဝရဘုရားက`ငါသည်တောင်ကို အစိုးရသောဘုရားဖြစ်သည်။ လွင်ပြင်ကို အစိုးမရဟုရှုရိအမျိုးသားတို့ကဆို သောကြောင့် သူတို့၏ကြီးမားသောတပ်မ တော်ကိုသင်၏လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်နှင့် တကွသင်၏ပြည်သူတို့သိရကြလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။