၂ ရာ​ချုပ် 31:14-18 Common Language Bible (BCL)

14. လေ​ဝိ​အ​နွယ်​ဝင်​ဣမ​န​၏​သား၊ ဗိ​မာန်​တော် အ​ရှေ့​တံ​ခါး​မှူး​ကော​ရ​သည်​ထာ​ဝ​ရ​ဘု​ရား အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လက် ခံ​ရန်​နှင့်​ဝေ​မျှ​ရန်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​၏။-

15-16. ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။-

17. ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​သား ချင်း​စု​အ​လိုက် တာ​ဝန်​ဝတ္တ​ရား​များ​ကို ထမ်း​ဆောင်​ရ​ကြ​၍​အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​လေဝိ​အနွယ်​ဝင်​များ​မှာ​မူ လုပ်​ငန်း အ​ဖွဲ့​များ​အ​လိုက်​တာ​ဝန်​ထမ်း​ဆောင်​ကြ ရ​၏။-

18. ထို​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​အ​တွက် သီး​သန့်​ထား​သော​တာ​ဝန်​ဝတ္တ​ရား​များ​ကို အ​ချိန်​မ​ရွေး​ထမ်း​ဆောင်​ရန်​အ​သင့်​ရှိ​အပ် သည်​ဖြစ်​၍ သား​မ​ယား​များ​နှင့်​တ​ကွ အ​ခြား​မှီ​ခို​သူ​များ​နှင့်​အ​တူ​မှတ်​ပုံ တင်​ထား​ရ​ကြ​လေ​သည်။-

၂ ရာ​ချုပ် 31