ယဇ်ပုရောဟိတ်များနေထိုင်ရာအခြားမြို့ များ၌ အခြားလေဝိအနွယ်ဝင်များဖြစ် ကြသောဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိနှင့်ရှေကနိတို့ကကောရအား သစ္စာရှိစွာကူညီဆောင်ရွက်ပေးကြလေသည်။ သူတို့သည်မိမိတို့၏ညီအစ်ကိုလေဝိ အနွယ်ဝင်တို့အား သားချင်းစုအလိုက် မဟုတ်ဘဲသူတို့ထမ်းဆောင်ရသည့်တာဝန် ဝတ္တရားများအလိုက် ထိုလှူဖွယ်ပစ္စည်းများ ကိုခွဲဝေပေးကြရ၏။ မိမိတို့ရာထူး အလိုက်ဗိမာန်တော်တွင်နေ့စဉ် တာဝန် ထမ်းဆောင်ရသူအသက်သုံးဆယ်နှင့် အထက်ရှိသူအပေါင်းတို့သည်ဝေစု တစ်စုစီရရှိကြလေသည်။-