ဒါဝိဒ်သည်မိမိ၏အိမ်ထောင်စုသားတို့အား နှုတ်ဆက်ရန်နန်းတော်သို့ပြန်သောအခါ ရှောလု ၏သမီးတော်မိခါလသည်သူ့အားကြိုဆို ရန်ထွက်လာ၏။ မိခါလက``ပေါ့ပျက်သူအ ရှက်မဲ့အဝတ်လှစ်သည့်နည်းတူအရာရှိတို့ ၏ကျွန်မိန်းမတို့ရှေ့တွင်မိမိကိုယ်ကိုအဝတ် လှစ်သောဣသရေလဘုရင်သည်ယနေ့ အလွန်ဘုန်းကြီးပါသည်တကား'' ဟု ဆို၏။