19. ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
20. ဒါဝိဒ်သည်မိမိ၏အိမ်ထောင်စုသားတို့အား နှုတ်ဆက်ရန်နန်းတော်သို့ပြန်သောအခါ ရှောလု ၏သမီးတော်မိခါလသည်သူ့အားကြိုဆို ရန်ထွက်လာ၏။ မိခါလက``ပေါ့ပျက်သူအ ရှက်မဲ့အဝတ်လှစ်သည့်နည်းတူအရာရှိတို့ ၏ကျွန်မိန်းမတို့ရှေ့တွင်မိမိကိုယ်ကိုအဝတ် လှစ်သောဣသရေလဘုရင်သည်ယနေ့ အလွန်ဘုန်းကြီးပါသည်တကား'' ဟု ဆို၏။
21. ဒါဝိဒ်က``ငါ့အားသင့်ခမည်းတော်နှင့်သား မြေးတို့ကိုကျော်၍ ဣသရေလအမျိုးသား တို့၏ခေါင်းဆောင်အဖြစ်ခန့်အပ်ရွေးချယ် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးကူးရန်ငါသည်ကခုန်နေခဲ့ခြင်းဖြစ်၏။ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး ရန်နောင်ကိုလည်းဆက်လက်ကခုန်လျက်၊-
22. ငါ၏ကိုယ်ကိုပို၍ပင်အသရေပျက်စေပါ ဦးမည်။ သင်သည်ငါ့အားအထင်သေးသော် လည်းထိုကျွန်မိန်းမတို့ကမူအထင်ကြီး ကြမည်'' ဟုပြန်၍မိန့်တော်မူ၏။
23. ရှောလု၏သမီးတော်မိခါလသည်လည်း တစ်သက်လုံးသားသမီးမရတော့ချေ။