၂ ရာ 6:12-23 Common Language Bible (BCL)

12. ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​ကြောင့်​သြ​ဗ ဒေ​ဒုံ​မိ​သား​စု​နှင့် သူ​ပိုင်​သ​မျှ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း ဒါ​ဝိဒ် ကြား​သိ​တော်​မူ​သော​အ​ခါ​ထို​သေတ္တာ​တော် ကို​အ​ခမ်း​အ​နား​နှင့်​တ​ကွ​သြ​ဗ​ဒေ​ဒုံ​အိမ် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင်​တော်​မူ​၏။-

13. ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​သူ​တို့ သည်​ခြေ​ခြောက်​လှမ်း​မျှ​လှမ်း​မိ​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ရပ်​စေ​ပြီး​လျှင် ထာ​ဝ​ရ ဘုရား​အား​နွား​ထီး​တစ်​ကောင်​နှင့်​ဆူ​ဖြိုး​သော သိုး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​လေ​သည်။-

14. သူ​သည်​ပိတ်​စ​တစ်​ခု​ကို​သာ​ဝတ်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် အ​စွမ်း​ကုန်​က​ခုန်​လေ​၏။-

15. သို့​ဖြစ်​၍​မင်း​ကြီး​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင် လာ​ကြ​၏။

16. သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​သော အ​ခါ​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌ ဒါ​ဝိဒ်​မင်း​က​ခုန်​လျက်​နေ​သည် ကို​မြင်​လေ​သော်​မင်း​ကြီး​အား​ရွံ​ရှာ​မိ​၏။-

17. လူ​တို့​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကာ ဒါ​ဝိဒ်​တည်​ဆောက်​ထား​သည့်​တဲ​တော်​အ​တွင်း လျာ​ထား​သည့်​နေ​ရာ​၌​ထား​ကြ​၏။ ထို​နောက် ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော် လေ​သည်။-

18. ယင်း​သို့​ပူ​ဇော်​ပြီး​သော​အ​ခါ​သူ​သည် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​၏။-

19. ဣ​သ​ရေ​လ​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ ကင်​တစ်​တုံး​နှင့်​စ​ပျစ်​ပျဉ်​တစ်​ပြား​စီ​ကို ဝေ​ငှ​တော်​မူ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အိမ်​သို့​ပြန်​သွား​ကြ​၏။

20. ဒါ​ဝိဒ်​သည်​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​အား နှုတ်​ဆက်​ရန်​နန်း​တော်​သို့​ပြန်​သော​အ​ခါ ရှော​လု ၏​သ​မီး​တော်​မိ​ခါ​လ​သည်​သူ့​အား​ကြို​ဆို ရန်​ထွက်​လာ​၏။ မိ​ခါ​လ​က``ပေါ့​ပျက်​သူ​အ ရှက်​မဲ့​အ​ဝတ်​လှစ်​သည့်​နည်း​တူ​အ​ရာ​ရှိ​တို့ ၏​ကျွန်​မိန်း​မ​တို့​ရှေ့​တွင်​မိ​မိ​ကိုယ်​ကို​အ​ဝတ် လှစ်​သော​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ယ​နေ့ အ​လွန်​ဘုန်း​ကြီး​ပါ​သည်​တ​ကား'' ဟု ဆို​၏။

21. ဒါ​ဝိဒ်​က``ငါ့​အား​သင့်​ခ​မည်း​တော်​နှင့်​သား မြေး​တို့​ကို​ကျော်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​အပ်​ရွေး​ချယ် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​ကူး​ရန်​ငါ​သည်​က​ခုန်​နေ​ခဲ့​ခြင်း​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး ရန်​နောင်​ကို​လည်း​ဆက်​လက်​က​ခုန်​လျက်၊-

22. ငါ​၏​ကိုယ်​ကို​ပို​၍​ပင်​အ​သ​ရေ​ပျက်​စေ​ပါ ဦး​မည်။ သင်​သည်​ငါ့​အား​အ​ထင်​သေး​သော် လည်း​ထို​ကျွန်​မိန်း​မ​တို့​က​မူ​အ​ထင်​ကြီး ကြ​မည်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။

23. ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည်​လည်း တစ်​သက်​လုံး​သား​သ​မီး​မ​ရ​တော့​ချေ။

၂ ရာ 6