35. မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် ဟူ၍သားလေးယောက်ရှိ၏။-
36. အာခတ်၏သားသည်ယုဒ္ဒါဖြစ်၏။ ယုဒ္ဒါတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ၏သားသည် မောဇ၊-
37. မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်သတည်း။
38. အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှ မေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်၊ ဟူ၍သား ခြောက်ယောက်ရှိ၏။-