1. ဗင်္ယာမိန်တွင်ဗေလ၊ အာရှဗေလ၊ အဟိရံ၊-
2. နောဟ၊ ရာဖဟူ၍ကြီးစဉ်ငယ်လိုက်သား ငါးယောက်ရှိ၏။
3-5. ဗေလ၏သားများမှာ အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊- အဘိရွှ၊ နေမန်၊ အာဟော၊ ဂေရာ၊ ရှေဖုဖံ၊ ဟုရံတို့ဖြစ်၏။
6-7. ဧဟုဒ်၏သားများမှာနေမန်၊ အဟိယနှင့် ဂေရဖြစ်၏။-သူတို့သည်ဂေဗမြို့တွင်နေထိုင် သူတို့၏အိမ်ထောင်ဦးစီးများဖြစ်ကြ၏။ သို့ရာတွင်ထိုမြို့မှနှင်ထုတ်ခြင်းခံရကြ သောအခါသူတို့သည်မာနဟက်မြို့သို့ သွားရောက်နေထိုင်ကြလေသည်။ ယင်းသို့ ပြောင်းရွှေ့ရာတွင်သြဇနှင့်အဟိဟုဒ်တို့၏ အဖဖြစ်သူဂေရသည်သူတို့အား ဦးစီးခေါင်းဆောင်ပြု၏။
8. ရှဟာရိမ်သည်မိမိ၏ဇနီးဟုရှိမ်နှင့် ဗာရာတို့ကိုကွာရှင်းပြီးနောက်မောဘ ပြည်တွင်နေထိုင်သောအခါ-
9. ဟောဒေရှနှင့်အိမ်ထောင်ပြု၍ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊-
10. ယုဇ၊ ရှာခိ၊ မိရမဟူသောသားခုနစ်ယောက် ကိုရလေသည်။ သူ၏သားများအားလုံးပင် အိမ်ထောင်ဦးစီးများဖြစ်လာကြ၏။
11. သူသည်ယခင်ဇနီးဟုရှိမ်နှင့်လည်းအဘိ တုပ်နှင့်ဧလပါလဟူသောသားနှစ်ယောက် ကိုရ၏။
12. ဧလပါလတွင်ဧဗာ၊ မိရှဟံ၊ ရှာမက်၊ ဟူ၍ သားသုံးယောက်ရှိ၏။ သြနောမြို့၊ လောဒမြို့ နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများကိုတည် ထောင်သူမှာရှာမက်ဖြစ်၏။
13. ဗေရိယနှင့်ရှေမတို့သည်အာဇလုန်မြို့တွင် အခြေစိုက်နေထိုင်ကြသူတို့၏အိမ်ထောင် ဦးစီးများဖြစ်၍ ဂါသမြို့သားတို့ကိုနှင် ထုတ်ကြသူများဖြစ်၏။-
14. ဗေရိယ၏သားမြေးတို့တွင်အဟိသြ၊ ရှာရှက်၊ ယေရိမုတ်၊-
15-16. ဇေဗဒိ၊ အာရဒ်၊ အာဒါ၊ မိက္ခေလ၊ ဣရှပ၊ ယောဟတို့ပါဝင်ကြ၏။
17. ဧလပါလ၏သားမြေးတို့တွင်ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊-
18. ဟေဗာ၊ ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့ ပါဝင်ကြ၏။
19-21. ရှိမဟိ၏သားမြေးတို့တွင်ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊- ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊- အဒါ ယ၊ ဗေရာယ၊ ရှိမရတ်တို့ပါဝင်ကြ၏။
22. ရှာရှက်၏သားမြေးတို့တွင်ဣရှပန်၊ ဟေဗာ၊ ဧလေလ၊-
23. အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
24. ဟာနနိ၊ ဧလံ၊ အေန္တောသိယ၊
25. ဣဖဒိယ၊ ပေနွေလတို့ပါဝင်ကြ၏။
26. ယေရောဟံ၏သားမြေးတို့တွင်ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊-
27. ယာရရှိ၊ ဧလိယ၊ ဇိခရိ၊ တို့ပါဝင်ကြ၏။
28. ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
29. ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ ၏ဇနီး၏နာမည်မှာမာခါဖြစ်၏။-
30. သူ၏သားဦးကားအာဗဒုန်တည်း။ အခြား သားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
31. ဂေဒေါ်၊ အဟိသြ၊ ဇာခရိနှင့်မိကလုတ် တို့ဖြစ်၏။-
32. မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့ ၏သားမြေးများသည်မိမိတို့၏သားချင်း အခြားအိမ်ထောင်စုများအနီးယေရု ရှလင်မြို့တွင်နေထိုင်ကြလေသည်။
33. နေရ၏သားသည်ကိရှ၊ ကိရှ၏သားမှာ ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍ သားလေးယောက်ရှိ၏။-
34. ယောနသန်၏သားသည်မေရိဗ္ဗာလဖြစ်၍ မေရိဗ္ဗာလ၏သားမှာမိက္ခာဖြစ်၏။
35. မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် ဟူ၍သားလေးယောက်ရှိ၏။-
36. အာခတ်၏သားသည်ယုဒ္ဒါဖြစ်၏။ ယုဒ္ဒါတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ၏သားသည် မောဇ၊-
37. မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်သတည်း။
38. အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှ မေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်၊ ဟူ၍သား ခြောက်ယောက်ရှိ၏။-
39. အာဇေလ၏ညီဧရှက်တွင်ဥလံ၊ ယေဟုတ်၊ ဧလိဖလက်ဟူ၍သားသုံးယောက်ရှိ၏။
40. ဥလံ၏သားများသည်ထူးချွန်သောစစ်သူရဲ များနှင့်လေးသည်တော်များဖြစ်ကြ၏။ သူ ၏သားမြေးပေါင်းတစ်ရာ့ငါးဆယ်ရှိ၏။ အထက်တွင်ဖော်ပြပါရှိသူအပေါင်းတို့ သည်ဗင်္ယာမိန်အနွယ်ဝင်များဖြစ်သတည်း။