3-5. ဗေလ၏သားများမှာ အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊- အဘိရွှ၊ နေမန်၊ အာဟော၊ ဂေရာ၊ ရှေဖုဖံ၊ ဟုရံတို့ဖြစ်၏။
23. အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
24. ဟာနနိ၊ ဧလံ၊ အေန္တောသိယ၊
25. ဣဖဒိယ၊ ပေနွေလတို့ပါဝင်ကြ၏။
26. ယေရောဟံ၏သားမြေးတို့တွင်ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊-
27. ယာရရှိ၊ ဧလိယ၊ ဇိခရိ၊ တို့ပါဝင်ကြ၏။
28. ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
29. ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ ၏ဇနီး၏နာမည်မှာမာခါဖြစ်၏။-
30. သူ၏သားဦးကားအာဗဒုန်တည်း။ အခြား သားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
31. ဂေဒေါ်၊ အဟိသြ၊ ဇာခရိနှင့်မိကလုတ် တို့ဖြစ်၏။-
32. မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့ ၏သားမြေးများသည်မိမိတို့၏သားချင်း အခြားအိမ်ထောင်စုများအနီးယေရု ရှလင်မြို့တွင်နေထိုင်ကြလေသည်။
33. နေရ၏သားသည်ကိရှ၊ ကိရှ၏သားမှာ ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍ သားလေးယောက်ရှိ၏။-