1. နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-
2. အမ္မုန်အမျိုးသားတို့ကိုးကွယ်သောမောလုတ် ဘုရားရုပ်တု၏ဦးခေါင်းထက်တွင် အလေး ချိန်ခုနစ်ဆယ့်ငါးပေါင်ရှိသောရွှေသရဖူ တစ်ခုရှိ၏။ ထိုသရဖူတွင်ကျောက်မျက် ရတနာတစ်လုံးရှိ၏။ ထိုကျောက်ကိုဒါဝိဒ် သည်ယူ၍မိမိ၏သရဖူတွင်တပ်ဆင် လေသည်။ သူသည်ရဗ္ဗာမြို့မှတိုက်ရာပါ ပစ္စည်းအမြောက်အမြားကိုလည်းယူ၍ သွား၏။-
3. ထိုမြို့မှလူတို့ကိုခေါ်ဆောင်ပြီးလျှင် လွှ၊ ပေါက်တူး၊ ပုဆိန်တို့ဖြင့်လုပ်ရသောအလုပ် ကြမ်းများကိုလုပ်စေလေသည်။ ဒါဝိဒ်သည် အမ္မုန်ပြည်ရှိအခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်ပြုတော်မူ ပြီးလျှင် မိမိ၏တပ်မတော်သားများနှင့် အတူယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။