နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-