၁ ရာ​ချုပ် 19:8-19 Common Language Bible (BCL)

8. ဒါ​ဝိဒ်​သည်​ဤ​အ​ကြောင်း​အ​ရာ​ကို​ကြား သော​အ​ခါ ယွာ​ဘ​နှင့်​တပ်​မ​တော်​ကြီး တစ်​ခု​လုံး​ကို​စေ​လွှတ်​တော်​မူ​၏။-

9. အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။

10. ယွာ​ဘ​သည်​မိ​မိ​အား​အ​ရှေ့​မှ​လည်း​ကောင်း၊ အ​နောက်​မှ​လည်း​ကောင်း၊ ရန်​သူ​တပ်​သား​တို့ တိုက်​ခိုက်​ကြ​လိမ့်​မည်​ကို​သိ​မြင်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အ​တော် ဆုံး​စစ်​သူ​ရဲ​တို့​ကို​ရွေး​ချယ်​ကာ​ရှုရိ​တပ် ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-

11. ကြွင်း​သော​သူ​တို့​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အ​ဘိ​ရှဲ​သည်​လည်း​သူ တို့​အား​အမ္မုန်​တပ်​သား​တို့​ကို​မျက်​နှာ​မူ ၍​နေ​ရာ​ယူ​စေ​၏။-

12. ယွာ​ဘ​က``ရှု​ရိ​တပ်​သား​တို့​သည်​ငါ​တို့ အား​အ​နိုင်​ရ​လျက်​နေ​ပါ​မူ သင်​သည်​လာ ၍​ငါ့​အား​ကူ​ညီ​လော့။ အ​ကယ်​၍​အမ္မုန် တပ်​သား​တို့​က​သင့်​ကို​အ​နိုင်​ရ​လျက် နေ​ပါ​မူ​ငါ​သည်​လာ​၍​သင့်​ကို​ကူ​ညီ​မည်။-

13. စွမ်း​ရည်​သတ္တိ​ရှိ​စေ​ကြ​လော့။ ငါ​တို့​သည် မိ​မိ​တို့​၏​လူ​မျိုး၊ မိ​မိ​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက်​ကြိုး စား​၍​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည် အ​တိုင်း​ဖြစ်​ပါ​စေ​သော'' ဟု​အ​ဘိ​ရှဲ အား​ဆို​၏။

14. ယွာ​ဘ​နှင့်​သူ​၏​တပ်​သား​တို့​သည်​ရှေ့​သို့ ချီ​တက်​တိုက်​ခိုက်​လျှင် ရှု​ရိ​တပ်​သား​တို့ သည်​ထွက်​ပြေး​ကြ​ကုန်​၏။-

15. ယင်း​သို့​ထွက်​ပြေး​သည်​ကို​အမ္မုန်​တပ်​သား တို့​မြင်​သော​အ​ခါ သူ​တို့​သည်​လည်း​အ​ဘိ​ရှဲ ၏​ရှေ့​မှ​ထွက်​ပြေး​ကာ​မြို့​တွင်း​သို့​ဆုတ် ခွာ​သွား​ကြ​ကုန်​၏။ ထို​အ​ခါ​ယွာဘ​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။

16. ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​နိုင်​ရ​သွား​ကြောင်း​ကို​သိ​ရှိ​လာ ကြ​သ​ဖြင့် သူ​တို့​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ကမ်း​ရှိ​ရှု​ရိ​ပြည်​နယ်​မှ​စစ်​သား​တို့​ကို ခေါ်​ယူ​ကာ ဇော​ဘ​ပြည်​မှ​ဟာ​ဒ​ဒေ​ဇာ​မင်း တပ်​မ​တော်​တပ်​မှူး​ရှော​ဗက်​၏​လက်​အောက် တွင်​ထား​ရှိ​ကြ​၏။-

17. ဤ​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​လေ​သော် ဣ​သ​ရေ​လ​တပ်​သား​များ​ကို​စု​ရုံး​စေ​လျက် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ရှု​ရိ​တပ် များ​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​တော် မူ​၏။ စစ်​ပွဲ​ကား​အ​စ​ပြု​လေ​ပြီ။-

18. ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​အ​မျိုး​သား​တို့​အား​တပ်​လှန့်​ထွက်​ပြေး စေ​ကြ​၏။ ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​မ​တော်​သည် ရ​ထား​စီး​စစ်​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင် တပ်​သား​လေး​သောင်း​တို့​ကို​သုတ်​သင်​ပစ် လိုက်​ကြ​သ​တည်း။ သူ​တို့​သည်​ရှု​ရိ​တပ်​မှူး ရှော​ဗက်​အား​လည်း​သုတ်​သင်​လိုက်​ကြ​သည်။-

19. ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​တို့ သည် မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ် ကြောင်း​သိ​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​နှင့် စစ်​ပြေ​ငြိမ်း​ရန်​ဆောင်​ရွက်​ကြ​လျက် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​၏။ ရှု​ရိ​အ​မျိုး​သား​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ အမ္မုန်​အ​မျိုး​သား တို့​အား​စစ်​ကူ​လို​စိတ်​မ​ရှိ​ကြ​တော့​ပေ။

၁ ရာ​ချုပ် 19