5. သူတို့သည်အလွန်ပင်ရှက်သဖြင့်မိမိတို့ တိုင်းပြည်သို့မပြန်ဘဲနေကြ၏။ ဤအဖြစ် အပျက်ကိုဒါဝိဒ်ကြားသိသောအခါသူ တို့အား``သင်တို့သည်ယေရိခေါမြို့တွင်နေ ကြလော့။ မုတ်ဆိတ်များပြန်၍မရှည်မချင်း မိမိတို့ပြည်သို့မပြန်ခဲ့ကြနှင့်'' ဟု အကြောင်းကြားတော်မူ၏။
6. ဟာနုန်မင်းနှင့်အမ္မုန်အမျိုးသားတို့သည် ဒါဝိဒ်မင်းအား မိမိတို့ရန်ဖက်ပြုမိကြ ကြောင်းသိရှိလာကြသောအခါမေသော ပေါတာမိပြည်အထက်ပိုင်းနှင့် ရှုရိပြည် ဖြစ်ကြသောမာခါပြည်၊ ဇောဘပြည်တို့ မှစစ်တပ်တစ်တပ်ကိုငွေတန်ချိန်လေး ဆယ်မျှပေး၍ငှားရမ်းကြ၏။-
7. သူတို့သည်မိမိတို့ငှားရမ်းထားသည့်စစ် ရထားသုံးသောင်းနှစ်ထောင်နှင့် မာခါပြည် ဘုရင်၏တပ်မတော်ကိုခေါ်ဆောင်ကာ မေ ဒဘမြို့အနီးသို့လာ၍စခန်းချလေသည်။ အမ္မုန်အမျိုးသားတို့သည်လည်းမိမိတို့၏ မြို့အပေါင်းမှထွက်၍စစ်တိုက်ရန်အသင့် ပြင်ကြကုန်၏။
8. ဒါဝိဒ်သည်ဤအကြောင်းအရာကိုကြား သောအခါ ယွာဘနှင့်တပ်မတော်ကြီး တစ်ခုလုံးကိုစေလွှတ်တော်မူ၏။-