၁ ရာ​ချုပ် 15:1-2 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​တွက်​အိမ်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​တည်​ဆောက်​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက်​လည်း နေ​ရာ​တစ်​နေ​ရာ​ကို​အ​သင့်​ပြင်​ဆင်​ကာ တဲ​တော်​တစ်​ဆောင်​ကို​ဆောက်​လုပ်​လေ​သည်။-

2. ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-

17-21. သူ​တို့​သည်​ကြေး​လင်း​ကွင်း​တီး​ရန်​အ​ဆို တော်​သား​ချင်း​စု​များ​မှ​ယော​လ​၏​သား ဟေ​မန်​နှင့် သူ​၏​ဆွေ​မျိုး​ဗေ​ရ​ခိ​၏​သား အာ​သပ်​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကု​ရှာ​ယ ၏​သား​ဧ​သန်​ကို​ရွေး​ချယ်​ကြ​၏။ ထို​သူ​တို့ ကို​ကူ​ညီ​ရာ​တွင်​အ​သံ​မြင့်​စောင်း​များ​ကို တီး​ရန်​ဇာ​ခ​ရိ၊ ဗင်​ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥန္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ သေ​ယ၊ မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ ဟူ​သော​လေဝိ​အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ် ကြ​၏။အ​သံ​နိမ့်​စောင်း​များ​တီး​ရန်​အ​တွက် မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ​နှင့်​ဗိ​မာန်​တော်​စောင့် သြ​ဗ​ဒေ​ဒုံ၊ ယေ​လ​နှင့်​အာ​ဇ​ဇိ​တို့​ကို ရွေး​ချယ်​ကြ​၏။

၁ ရာ​ချုပ် 15