သူတို့သည်ကြေးလင်းကွင်းတီးရန်အဆို တော်သားချင်းစုများမှယောလ၏သား ဟေမန်နှင့် သူ၏ဆွေမျိုးဗေရခိ၏သား အာသပ်နှင့်မေရာရိသားချင်းစုမှကုရှာယ ၏သားဧသန်ကိုရွေးချယ်ကြ၏။ ထိုသူတို့ ကိုကူညီရာတွင်အသံမြင့်စောင်းများကို တီးရန်ဇာခရိ၊ ဗင်ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာ သေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ ဟူသောလေဝိအနွယ်ဝင်တို့ကိုရွေးချယ် ကြ၏။အသံနိမ့်စောင်းများတီးရန်အတွက် မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယနှင့်ဗိမာန်တော်စောင့် သြဗဒေဒုံ၊ ယေလနှင့်အာဇဇိတို့ကို ရွေးချယ်ကြ၏။