3-7. သူတို့၏တပ်မှူးများမှာဂိဗာမြို့သား ရှေမာ၏သားဖြစ်ကြသော အဟေဇာနှင့် ယောရှတို့ဖြစ်ကြ၏။စစ်သူရဲများမှာအောက်ပါအတိုင်းဖြစ်သည်။အာဇမာဝက်၏သားများဖြစ်ကြသော ယေဇေလနှင့်ပေလက်။အနသုတ်မြို့သားဗေရာခနှင့်ယေဟု။ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်တစ်ဦးဖြစ်သူဂိဗောင်မြို့သားနာမည်ကျော်စစ်သူရဲဣရှမာယ။ဂေဒရမြို့သားများဖြစ်ကြသောယေရမိ၊ ယဟာဇေလ၊ယောဟနန်နှင့်ယောဇဗဒ်။ဟရုဖိမြို့သားများဖြစ်ကြသောဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ရှေမရိနှင့်ရှေဖတိ။ကောရသားချင်းစုမှဧလကာန၊ယေရှာ၊ အာဇရေလ၊ယောဇာနှင့်ယာရှောဗ။ဂေဒေါ်မြို့သားယေရောဟံ၏သားများ ဖြစ်ကြသော ယောလာနှင့်ဇေဗဒိတို့ဖြစ်ကြ၏။
8. ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
38. တိုက်ပွဲဝင်ရန်အသင့်ရှိသောဤစစ်သူရဲ အပေါင်းတို့သည် ဒါဝိဒ်အားဣသရေလနိုင်ငံ တစ်ဝှမ်းလုံးကိုအစိုးရသောဘုရင်အဖြစ်ဖြင့် ချီးမြှောက်ကြရန်သန္နိဋ္ဌာန်ပြုလျက်ဟေဗြုန်မြို့ သို့သွားကြ၏။ ကျန်ဣသရေလပြည်သား အပေါင်းတို့သည်လည်း ထိုရည်ရွယ်ချက် ဖြင့်တစ်စိတ်တစ်သဘောတည်းရှိကြ၏။-
39. သူတို့သည်မိမိတို့၏အမျိုးသားများပြင် ဆင်ကျွေးမွေးသောအစားအသောက်များကို စားသောက်ကာ သုံးရက်တိုင်တိုင်ဒါဝိဒ်နှင့် အတူနေကြ၏။-
40. ဝေးကွာသောဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်မှစသောမြောက်ပိုင်းအရပ်များ မှလူတို့သည်မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ် ရည်နှင့်သံလွင်ဆီတို့ကိုမြည်းများ၊ ကုလား အုတ်များ၊ လားများ၊ နွားများဖြင့်တင်ဆောင် လာကြ၏။ သူတို့သည်သတ်၍စားရန်အတွက် နွားများနှင့်သိုးများကိုလည်းယူဆောင်လာ လေသည်။ ဤအမှုအရာအပေါင်းအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိဣသရေလအမျိုးသား တို့ပျော်ရွှင်ကြပုံကိုထုတ်ဖော်၍ပြသတည်း။