ထူးချွန်သောအခြားစစ်သူရဲများစာရင်း မှာအောက်ပါအတိုင်းဖြစ်သည်။ယွာဘ၏ညီ၊အာသဟေလ။ဗက်လင်မြို့သား၊ဒေါဒေါ၏သားဧလဟာနန်။ဟေရောဒိမြို့သား၊ရှမ္မ။ဖာလတိမြို့သားဟေလက်။တေကောမြို့သားဣကေရှ၏သားဣရ။အနေသောသိမြို့သားအဗျေဇာ။ဟုရှသိမြို့သားသိဗေကဲ။အဟောဟိမြို့သားဣလဲ။နေတောဖာသိမြို့သားမဟာရဲ၊နေတောဖာသိမြို့သားဗာန၏သား ဟေလက်။ဗင်္ယာမိန်ပြည်ဂိဗာမြို့သားရိဘဲ၏သားဣတ္တဲ။ပိရသောနိမြို့သားဗေနာယ။ဂါရှမြို့အနီးချိုင့်ဝှမ်းများမှဟုရဲ။အာဗသိမြို့သားအဗျေလ။ဗာဟုမိမြို့သားအာဇမာဝက်။ရှာလဗောနိမြို့သားဧလျာဘ။ဂိဇောနိမြို့သားယာရှင်။ဟာရာမြို့သားရှာဂဲ၏သားယောနသန်။ဟာရာမြို့သားစာကာရ၏သားအဟိအံ။ဥရ၏သားဧလိဖလ။မေခေရသိမြို့သားဟေဖာ။ပေလောနိမြို့သားအဟိယ။ကရမေလမြို့သားဟေဇရဲ။ဧဇပဲ၏သားနာရဲ။နာသန်၏ညီယောလ။ဟဂ္ဂေ၏သားမိဗဟာ။အမ္မုန်မြို့သားဇေလက်။ယွာဘ၏လက်နက်ကိုင်ဆောင်သူ ဗေရောသိမြို့သားနဟာရဲ။ဣသရိမြို့သားဣရနှင့်ဂါရက်။ဟိတ္တိလူမျိုးဥရိယ။အာလဲ၏သားဇာဗဒ်။ရှိဇ၏သားအဒိန(သူသည်ရုဗင်အနွယ်မှဦးစီးခေါင်းဆောင်တစ်ဦးဖြစ်၍ လူသုံးကျိပ်ရှိတပ်စိပ်တစ်စိပ်အုပ်ချုပ်ရသူဖြစ်၏။)မာခါ၏သားဟာနန်။မိသနိမြို့သားယောရှဖတ်။အာရှတယောသိမြို့သားသြဇိ။အာရော်မြို့မှဟောသန်၏သားများဖြစ် ကြသော ရှာမနှင့်ယေဟေလ။တိဇိမြို့သားရှိမရိ၏သားများဖြစ်ကြသော ယေဒျေလနှင့်ယောဟ။မဟာဝိမြို့သားဧလျေလ။ဧလနန်၏သားများဖြစ်ကြသော ယေရိဗဲနှင့်ယောရှဝိ၊မောဘမြို့သားဣသမ။မေဇောဗိတ်မြို့သားဧလျေလ၊သြဗက်နှင့် ယာသေလတို့ဖြစ်ကြ၏။