18. ထိုအခါနာမည်ကျော်သူရဲကောင်းသုံး ယောက်တို့သည် ဖိလိတ္တိအမျိုးသားတပ်စခန်း ကိုဖောက်ထွင်းပြီးလျှင်ရေတွင်းမှရေအနည်း ငယ်ကိုခပ်ယူ၍ဒါဝိဒ်မင်းထံယူဆောင်ခဲ့ ကြ၏။ သို့ရာတွင်မင်းကြီးသည်ထိုရေကို သောက်တော်မမူလို။ ယင်းကိုသောက်မည့် အစားထာဝရဘုရားအားပူဇော်သည့် အနေဖြင့်သွန်းလောင်းလေ၏။-
19. ထို့နောက်မင်းကြီးက``ငါသည်ဤရေကို အဘယ်နည်းနှင့်မျှမသောက်နိုင်၊ သက်စွန့် ကြိုးပမ်းအမှုတော်ထမ်းကြသူတို့၏ သွေးကိုသောက်သည်နှင့်တူလိမ့်မည်'' ဟု မိန့်တော်မူလျက်ထိုရေကိုမသောက်ဘဲ နေတော်မူ၏။ ဤကားနာမည်ကျော်သူရဲ ကောင်းသုံးယောက်တို့၏စွန့်စားခန်းတစ် ရပ်ဖြစ်သတည်း။
20. ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်တိုက် ခိုက်ခဲ့သဖြင့်ရဲဘော်သုံးကျိပ်တို့တွင် နာမည်ကြီး၍လာ၏။-
21. သူသည်ရဲဘော်သုံးကျိပ်တို့တွင်နာမည် အကြီးဆုံးဖြစ်၍ သူတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သို့ရာတွင်သူရဲကောင်း သုံးယောက်လောက်နာမည်မကြီးချေ။
22. ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-
23. အလွန်ကြီးမားသောလှံကိုဆောင်ထားသူ အမြင့်ခုနစ်ပေခွဲရှိ အီဂျစ်အမျိုးသား ကြီးတစ်ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယ သည်တင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ၏လက် မှလှံကြီးကိုလုယူလိုက်၏။ ထို့နောက်ထို လှံဖြင့်ပင်လျှင်သူ၏အားအဆုံးစီရင် လေတော့သည်။-
24. ဤအမှုများသည်ရဲဘော်သုံးကျိပ်တွင် ပါဝင်သူ ဗေနာယ၏စွန့်စားခန်းများ ဖြစ်လေသည်။-
25. သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်း သူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်အပ်တော်မူ၏။
26-47. ထူးချွန်သောအခြားစစ်သူရဲများစာရင်း မှာအောက်ပါအတိုင်းဖြစ်သည်။ယွာဘ၏ညီ၊အာသဟေလ။ဗက်လင်မြို့သား၊ဒေါဒေါ၏သားဧလဟာနန်။ဟေရောဒိမြို့သား၊ရှမ္မ။ဖာလတိမြို့သားဟေလက်။တေကောမြို့သားဣကေရှ၏သားဣရ။အနေသောသိမြို့သားအဗျေဇာ။ဟုရှသိမြို့သားသိဗေကဲ။အဟောဟိမြို့သားဣလဲ။နေတောဖာသိမြို့သားမဟာရဲ၊နေတောဖာသိမြို့သားဗာန၏သား ဟေလက်။ဗင်္ယာမိန်ပြည်ဂိဗာမြို့သားရိဘဲ၏သားဣတ္တဲ။ပိရသောနိမြို့သားဗေနာယ။ဂါရှမြို့အနီးချိုင့်ဝှမ်းများမှဟုရဲ။အာဗသိမြို့သားအဗျေလ။ဗာဟုမိမြို့သားအာဇမာဝက်။ရှာလဗောနိမြို့သားဧလျာဘ။ဂိဇောနိမြို့သားယာရှင်။ဟာရာမြို့သားရှာဂဲ၏သားယောနသန်။ဟာရာမြို့သားစာကာရ၏သားအဟိအံ။ဥရ၏သားဧလိဖလ။မေခေရသိမြို့သားဟေဖာ။ပေလောနိမြို့သားအဟိယ။ကရမေလမြို့သားဟေဇရဲ။ဧဇပဲ၏သားနာရဲ။နာသန်၏ညီယောလ။ဟဂ္ဂေ၏သားမိဗဟာ။အမ္မုန်မြို့သားဇေလက်။ယွာဘ၏လက်နက်ကိုင်ဆောင်သူ ဗေရောသိမြို့သားနဟာရဲ။ဣသရိမြို့သားဣရနှင့်ဂါရက်။ဟိတ္တိလူမျိုးဥရိယ။အာလဲ၏သားဇာဗဒ်။ရှိဇ၏သားအဒိန(သူသည်ရုဗင်အနွယ်မှဦးစီးခေါင်းဆောင်တစ်ဦးဖြစ်၍ လူသုံးကျိပ်ရှိတပ်စိပ်တစ်စိပ်အုပ်ချုပ်ရသူဖြစ်၏။)မာခါ၏သားဟာနန်။မိသနိမြို့သားယောရှဖတ်။အာရှတယောသိမြို့သားသြဇိ။အာရော်မြို့မှဟောသန်၏သားများဖြစ် ကြသော ရှာမနှင့်ယေဟေလ။တိဇိမြို့သားရှိမရိ၏သားများဖြစ်ကြသော ယေဒျေလနှင့်ယောဟ။မဟာဝိမြို့သားဧလျေလ။ဧလနန်၏သားများဖြစ်ကြသော ယေရိဗဲနှင့်ယောရှဝိ၊မောဘမြို့သားဣသမ။မေဇောဗိတ်မြို့သားဧလျေလ၊သြဗက်နှင့် ယာသေလတို့ဖြစ်ကြ၏။