1-2. ဒါဝိဒ်သည်ရှောလုမင်းထံတော်မှထွက်ပြေး တိမ်းရှောင်နေချိန်၌ ဇိကလတ်မြို့တွင်နေထိုင် ၏။ ထိုအခါလူအများပင်သူ၏ဘက်သို့ ဝင်ရောက်လာကြ၏။ ထိုသူအပေါင်းတို့သည် ရှောလုနှင့်ဆွေမျိုးတော်စပ်သည့်ဗင်္ယာမိန် အနွယ်ဝင်မှ စစ်ရည်ဝ၍အားကိုးအားထား လောက်သောစစ်သူရဲများဖြစ်သတည်း။ သူ တို့သည်လက်ယာလက်ဖြင့်သော်လည်းကောင်း၊ လက်ဝဲလက်ဖြင့်သော်လည်းကောင်း လောက်လွှဲ နှင့်လေးကိုပစ်ခတ်နိုင်ကြ၏။-
8. ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
14. ဂဒ်အနွယ်ဝင်မှထိုသူအချို့တို့သည်တစ် ထောင်တပ်ကိုအုပ်ချုပ်ရသူ၊ အချို့မှာတစ် ရာတပ်ကိုအုပ်ချုပ်ရသူတပ်မှူးများဖြစ် ကြ၏။-
15. ထိုနှစ်၏ပထမလ၌ယော်ဒန်မြစ်ရေလျှံ သောအခါ သူတို့သည်မြစ်ကိုဖြတ်ကူးပြီး နောက် မြစ်၏အရှေ့နှင့်အနောက်ဘက်ရှိချိုင့် ဝှမ်းများတွင် နေထိုင်ကြသူတို့ကိုထွက်ပြေး စေကြ၏။
16. အခါတစ်ပါး၌ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်တို့မှ လူအချို့တို့သည်ဒါဝိဒ်မင်းရှိရာ ရဲတိုက်သို့လာသောအခါ၊-
17. ဒါဝိဒ်မင်းသည်သူတို့အားခရီးဦးကြိုပြု လျက်``သင်တို့သည်မိတ်ဆွေအဖြစ်ဖြင့်ငါ့ ကိုကူညီရန်လာရောက်ကြခြင်းဖြစ်ပါမူ ငါသည်သင်တို့အားကြိုဆိုလက်ခံပါ၏။ ငါတို့ဘက်သို့ဝင်ကြလော့။ သို့ရာတွင်သင် တို့သည်ငါ့အားရန်သူများလက်သို့အပ် ရန်လာလျှင်မူကား ငါသည်သင်တို့အား အနာတရပြုမည်မဟုတ်သော်လည်း ငါ တို့ဘိုးဘေးများ၏ဘုရားသည်သင်တို့ပြု သည့်အမှုကိုမြင်တော်မူ၍ သင်တို့အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်'' ဟုဆို၏။
18. ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည်အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။
19. ဒါဝိဒ်သည်ဖိလိတ္တိအမျိုးသားများနှင့် အတူ ရှောလုမင်းကိုတိုက်ရန်စစ်ချီသွား သောအခါ မနာရှေအနွယ်ဝင်စစ်သူရဲ အချို့တို့သည် ဒါဝိဒ်ဘက်သို့ဝင်ရောက်လာ ကြ၏။ ဖိလိတ္တိအမျိုးသားခေါင်းဆောင်တို့ ကဒါဝိဒ်သည် မိမိ၏အရှင်ဟောင်းရှောလု ဘက်သို့ပါ၍သူတို့ကိုသစ္စာဖောက်လိမ့်မည် ဟုစိုးရိမ်သဖြင့် သူ့အားဇိကလတ်မြို့သို့ ပြန်လွှတ်လိုက်ကြ၏။ ထို့ကြောင့်ဒါဝိဒ်သည် စင်စစ်အားဖြင့် ဖိလိတ္တိအမျိုးသားတို့ ဘက်မှကူ၍စစ်မတိုက်ခဲ့ရပေ။-
20. ဇိကလတ်မြို့သို့ဒါဝိဒ်ပြန်သွားချိန်၌မနာ ရှေအနွယ်ဝင်မှ သူ၏ဘက်သို့ဝင်ရောက်လာ သည့်စစ်သူရဲများမှာအာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု နှင့်ဇိလသဲတို့ဖြစ်ကြ၏။ သူတို့အားလုံး သည်မနာရှေအနွယ်တွင်တစ်ထောင်တပ် တပ်မှူးများဖြစ်ကြသတည်း။-
21. သူတို့သည်ထူးချွန်သောစစ်သူရဲများဖြစ် သဖြင့် ဒါဝိဒ်၏တပ်သားတို့ကိုအုပ်ချုပ်သူ အရာရှိများအဖြစ်ဖြင့်အမှုထမ်းရကြ ၏။ နောင်အခါ၌သူတို့သည်ဣသရေလ တပ်မတော်တွင်အရာရှိများဖြစ်လာကြ လေသည်။-
22. နေ့တိုင်းလိုပင်ဒါဝိဒ်၏တပ်ဖွဲ့ထဲသို့လူသစ် များဝင်ရောက်လာကြသဖြင့် သူ၏တပ်မတော် သည်အလွန်အင်အားကြီးမားလာလေသည်။