1-2. ဒါဝိဒ်သည်ရှောလုမင်းထံတော်မှထွက်ပြေး တိမ်းရှောင်နေချိန်၌ ဇိကလတ်မြို့တွင်နေထိုင် ၏။ ထိုအခါလူအများပင်သူ၏ဘက်သို့ ဝင်ရောက်လာကြ၏။ ထိုသူအပေါင်းတို့သည် ရှောလုနှင့်ဆွေမျိုးတော်စပ်သည့်ဗင်္ယာမိန် အနွယ်ဝင်မှ စစ်ရည်ဝ၍အားကိုးအားထား လောက်သောစစ်သူရဲများဖြစ်သတည်း။ သူ တို့သည်လက်ယာလက်ဖြင့်သော်လည်းကောင်း၊ လက်ဝဲလက်ဖြင့်သော်လည်းကောင်း လောက်လွှဲ နှင့်လေးကိုပစ်ခတ်နိုင်ကြ၏။-
8. ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
14. ဂဒ်အနွယ်ဝင်မှထိုသူအချို့တို့သည်တစ် ထောင်တပ်ကိုအုပ်ချုပ်ရသူ၊ အချို့မှာတစ် ရာတပ်ကိုအုပ်ချုပ်ရသူတပ်မှူးများဖြစ် ကြ၏။-
15. ထိုနှစ်၏ပထမလ၌ယော်ဒန်မြစ်ရေလျှံ သောအခါ သူတို့သည်မြစ်ကိုဖြတ်ကူးပြီး နောက် မြစ်၏အရှေ့နှင့်အနောက်ဘက်ရှိချိုင့် ဝှမ်းများတွင် နေထိုင်ကြသူတို့ကိုထွက်ပြေး စေကြ၏။
16. အခါတစ်ပါး၌ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်တို့မှ လူအချို့တို့သည်ဒါဝိဒ်မင်းရှိရာ ရဲတိုက်သို့လာသောအခါ၊-
17. ဒါဝိဒ်မင်းသည်သူတို့အားခရီးဦးကြိုပြု လျက်``သင်တို့သည်မိတ်ဆွေအဖြစ်ဖြင့်ငါ့ ကိုကူညီရန်လာရောက်ကြခြင်းဖြစ်ပါမူ ငါသည်သင်တို့အားကြိုဆိုလက်ခံပါ၏။ ငါတို့ဘက်သို့ဝင်ကြလော့။ သို့ရာတွင်သင် တို့သည်ငါ့အားရန်သူများလက်သို့အပ် ရန်လာလျှင်မူကား ငါသည်သင်တို့အား အနာတရပြုမည်မဟုတ်သော်လည်း ငါ တို့ဘိုးဘေးများ၏ဘုရားသည်သင်တို့ပြု သည့်အမှုကိုမြင်တော်မူ၍ သင်တို့အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်'' ဟုဆို၏။