၁ ကော 4:6-10 Common Language Bible (BCL)

6. ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​ကျိုး​ငှာ​ဤ​အ​ကြောင်း အ​ရာ​များ​တွင် အာ​ပေါ​လု​နှင့်​ငါ့​ကိစ္စ​ကို​ဥ​ပ​မာ ထည့်​သွင်း​ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​၏။ ထို​သို့​ဖော် ပြ​ရ​ခြင်း​မှာ ``စည်း​မျဉ်း​ကို​ကျော်​လွန်​၍​မ​ပြု နှင့်'' ဟူ​သော​ဆို​ရိုး​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​သင်​တို့​နား​လည်​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။ သင် တို့​သည်​တစ်​ယောက်​ကို​ချီး​မွမ်း​၍​အ​ခြား တစ်​ယောက်​ကို​မ​ထီ​လေး​စား​မ​ပြု​ကြ​နှင့်။-

7. အ​ဘယ်​သူ​သည်​သင်​တို့​အား​သူ​တစ်​ပါး ထက်​ထူး​ကဲ​စေ​ပါ​သ​နည်း။ သင်​တို့​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင် ချ​ပေး​တော်​မူ​သော​အ​ရာ​များ​မ​ဟုတ် ပါ​လော။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​ရ​ရှိ​ထား သော​အ​ရာ​များ​သည် ဘု​ရား​သ​ခင်​ချ​ပေး တော်​မူ​သော​ဆု​ကျေး​ဇူး​များ​မ​ဟုတ် သ​ကဲ့​သို့ သင်​တို့​အ​ဘယ်​ကြောင့်​ကြွား ဝါ​သ​နည်း။

8. သင်​တို့​သည်​လို​လေ​သေး​မ​ရှိ​အောင်​ပြည့်​စုံ ကြ​ပြီ​လော။ ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ လော။ ငါ​တို့​ပင်​ဘု​ရင်​မ​ဖြစ်​ဘဲ​သင်​တို့​သည် ဘု​ရင်​ဖြစ်​ကြ​လေ​ပြီ​လော။ သင်​တို့​ဘု​ရင် ဖြစ်​မှ​သာ​လျှင်​ငါ​တို့​လည်း​သင်​တို့​နှင့် အ​တူ​နန်း​စံ​နိုင်​ကြ​မည်​ဖြစ်​၍ အ​ကယ်​ပင် သင်​တို့​ဘု​ရင်​ဖြစ်​ကြ​ပါ​စေ​ဟု​ငါ​သည် ဆန္ဒ​ပြု​၏။-

9. လူ​ထု​အား​ထုတ်​ပြ​ရာ​တွင်​သေ​ဒဏ်​သင့် သူ​များ​အား​နောက်​ဆုံး​မှ​လိုက်​ပါ​စေ​သ​ကဲ့ သို့ ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့်​ကောင်း​ကင် တ​မန်​တို့​ရှု​စား​ကြ​စေ​ရန် ငါ​တို့​တ​မန် တော်​များ​အား​နောက်​ဆုံး​နေ​ရာ​တွင်​ထား တော်​မူ​သည်​ဟု​ငါ​ထင်​မှတ်​၏။-

10. ငါ​တို့​သည်​ခ​ရစ်​တော်​အ​တွက်​လူ​မိုက်​ဖြစ် ရ​၏။ သင်​တို့​ကား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​ပ​ညာ​ရှိ​များ​ဖြစ်​ကြ သည်။ ငါ​တို့​သည်​ချည့်​နဲ့​သူ၊ သင်​တို့​ကား စွမ်း​သန်​သူ၊ ငါ​တို့​သည်​အ​သ​ရေ​မဲ့​သူ၊ သင်​တို့​ကား​အ​သ​ရေ​ရှိ​သူ​များ​ဖြစ်​ကြ ပါ​သည်​တ​ကား။-

၁ ကော 4