ညီအစ်ကိုတို့၊ သင်တို့၏အကျိုးငှာဤအကြောင်း အရာများတွင် အာပေါလုနှင့်ငါ့ကိစ္စကိုဥပမာ ထည့်သွင်းဖော်ပြလိုက်ခြင်းဖြစ်၏။ ထိုသို့ဖော် ပြရခြင်းမှာ ``စည်းမျဉ်းကိုကျော်လွန်၍မပြု နှင့်'' ဟူသောဆိုရိုးစကား၏အနက်အဋ္ဌိပ္ပါယ် ကိုသင်တို့နားလည်နိုင်ကြစေရန်ဖြစ်၏။ သင် တို့သည်တစ်ယောက်ကိုချီးမွမ်း၍အခြား တစ်ယောက်ကိုမထီလေးစားမပြုကြနှင့်။-