ဟေ​ရှာ​ယ 66:6-15 Common Language Bible (BCL)

6. နား​ထောင်​ကြ​လော့။ မြို့​ထဲ​မှ​အုတ်​အုတ်​ကျက် ကျက်​ဖြစ်​နေ​သော​အ​သံ၊ ဗိ​မာန်​တော်​ထဲ​မှ အ​သံ​သည်​ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​နေ​သော​အ​သံ​ပင်​ဖြစ်​ပါ သည်​တကား။

7. ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​လုံး​ဝ​မ​ခံ​ရ ဘဲ ရုတ်​တ​ရက်​သား​ရ​တ​နာ​ကို​ဖွား​မြင် သည့်​မိ​ခင်​နှင့်​တူ​၏။-

8. ဤ​သို့​သော​အ​မှု​မျိုး​မြင်​ဖူး​ကြား​ဖူး​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။ တိုင်း​နိုင်​ငံ တစ်​ခု​သည်​တစ်​နေ့​ခြင်း​တွင်​ပေါ်​ပေါက်​လာ ဖူး​ပါ​သ​လော။ ဇိ​အုန်​မြို့​သည်​ဣ​သ​ရေ​လ နိုင်​ငံ​မ​ပေါ်​ထွန်း​မီ​ကြာ​ရှည်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-

9. ငါ​သည်​မီး​ဖွား​ချိန်​တန်​လျက် ဖွား​မြင်​ခွင့်​မ ရ​နိုင်​သည့်​က​လေး​ကဲ့​သို့​ဖြစ်​စေ​လိမ့်​မည်​ဟု သင်​တို့​မ​ထင်​မ​မှတ်​ကြ​နှင့်​ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သည့်​စကား​ပင်​ဖြစ်​သ​တည်း။

10. ယေ​ရု​ရှ​လင်​မြို့​ကို​ချစ်​မြတ်​နိုး​သူ​အ​ပေါင်း တို့၊ သူ​နှင့်​အ​တူ​အား​ရ​ရွှင်​လန်း​ကြ​လော့။သူ​၏​အ​တွက်​ဝမ်း​မြောက်​ကြ​လော့။ထို​မြို့​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​နေ​ခဲ့​သူ အ​ပေါင်း​တို့၊ ယ​ခု​ပင်​သူ​နှင့်​အ​တူ​အား​ရ​ရွှင်​လန်း​ကြ​လော့။

11. သင်​တို့​သည်​မိ​ခင်​ရင်​ခွင်​ရှိ က​လေး​ငယ်​ကဲ့​သို့၊ကျေ​နပ်​အား​ရ​လျက်​ယေ​ရု​ရှ​လင်​မြို့​၏ စည်း​စိမ် ချမ်း​သာ​ကို​ခံ​စား​ရကြ​လိမ့်​မည်။

12. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း​သာ​ကို​ပေး​မည်။ လူ​မျိုး​တ​ကာ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း​မ​ခြောက်​သည့် မြစ်​ရေ​ကဲ့​သို့ သင်​တို့​ထံ​သို့​စီး​ဆင်း​လာ လိမ့်​မည်။ သင်​တို့​သည်​မိ​ခင်​ဖြစ်​သူ​က​ချစ် ခင်​ယု​ယ​စွာ​ပိုက်​ပွေ့​လျက်​နို့​တိုက်​ကျွေး သည့်​က​လေး​နှင့်​တူ​လိမ့်​မည်။-

13. မိ​ခင်​သည်​သား​ငယ်​ကို​နှစ်​သိမ့်​စေ​သ​ကဲ့​သို့​ငါ​သည်​သင်​တို့​အား ယေ​ရု​ရှ​လင်မြို့​တွင်​နှစ်​သိမ့်​စေ​မည်။-

14. ဤ​အ​မှု​အ​ရာ​ကို​မြင်​သော​အ​ခါ​သင်​တို့ သည်​ဝမ်း​မြောက်​ကြ​လျက် ကျန်း​မာ​သန်​စွမ်း ၍​လာ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​စ​ကား​ကို​နား​ထောင်​သူ​တို့ အား​ကူ​မ​တော်​မူ​၍ ရန်​သူ​တို့​ကို​မူ အ​မျက်​တော်​သင့်​စေ​ကြောင်း​ကို​သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

15. ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ အ​မျက်​ထွက်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် ရန်​လေ​ဗွေ​ရ​ထား​ကို​စီး​၍​ကြွ​လာ​တော် မူ​လိမ့်​မည်။-

ဟေ​ရှာ​ယ 66