ယေရုရှလင်မြို့ကိုချစ်မြတ်နိုးသူအပေါင်း တို့၊ သူနှင့်အတူအားရရွှင်လန်းကြလော့။သူ၏အတွက်ဝမ်းမြောက်ကြလော့။ထိုမြို့အတွက်ဝမ်းနည်းကြေကွဲနေခဲ့သူ အပေါင်းတို့၊ ယခုပင်သူနှင့်အတူအားရရွှင်လန်းကြလော့။