ဟေ​ရှာ​ယ 62:5-11 Common Language Bible (BCL)

5. ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သ​ဖွယ်​သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သ​တို့​သား​သည် နှစ်​သက်​သ​ကဲ့​သို့၊ဘု​ရား​သ​ခင်​သည်​သင့်​ကို​နှစ်​သက်​တော်​မူ လိမ့်​မည်။

6. အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အားမိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။

7. ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည် ထူ​ထောင်​ကာ၊ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​ရာ​မြို့ အ​ဖြစ်​သို့​ရောက်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊သူ​တို့​သည်​ကိုယ်​တော်​အား​အ​ငြိမ်​နေ​စေ ကြ​လိမ့်​မည်​မ​ဟုတ်။

8. ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​ကြီး​သော​လက်​ယာ လက်​တော်​နှင့်​ကျိန်​ဆို​တော်​မူ​သည်။``သင်​၏​ကောက်​ပဲ​သီး​နှံ​များ​သည်​ရန်​သူ​တို့​အ​တွက် ရိက္ခာ​ဖြစ်​ရ​တော့​မည်​မ​ဟုတ်။လူ​မျိုး​ခြား​တို့​သည်​လည်း​သင်​ကြိုး​စား​၍လုပ်​ဆောင်​ခဲ့​သော​စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ တော့​မည်​မ​ဟုတ်။

9. သို့​ရာ​တွင်​အ​သီး​အ​နှံ​များ​ကို​စိုက်​ပျိုး ရိတ်​သိမ်း သူ​သင်​တို့​သာ​လျှင်၊ယင်း​တို့​ကို​စား​သုံး​ကြ​လျက်၊ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ရ​ကြ​လိမ့်​မည်။စ​ပျစ်​သီး​များ​ကို​ပြု​စု​ဆွတ်​ခူး​သူ​သင်​တို့ သာ​လျှင်ငါ​၏​ဗိ​မာန်​တော်​တန်​တိုင်း​အ​တွင်း​၌ စ​ပျစ်​ရည်​ကို သောက်​ရ​ကြ​လိမ့်​မည်။''

10. ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့၊ မြို့​တွင်း​မှ ထွက်​ကြ​လော့။ပြည်​တော်​ပြန်​သင်​တို့​၏​အ​မျိုး​သား​များ အ​တွက် လမ်း​ကို​ဖောက်​လုပ်​ကြ​လော့။လမ်း​မ​ကြီး​ကို​ပြင်​ဆင်​ကြ​လော့။ကျောက်​ခဲ​တို့​ကို​ဖယ်​ရှား​ပစ်​ကြ​လော့။တိုင်း​သူ​ပြည်​သား​များ​သိ​စေ​ရန်​အ​ချက်​ပြ အ​လံ​များ​တင်​ကြ​လော့။

11. ``သင်​တို့​၏​ကယ်​တင်​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်မိ​မိ​ကယ်​တင်​တော်​မူ​ခဲ့​သည့်​လူ​တို့​ကို ခေါ်​ဆောင်​ကာ ကြွ​လာ​တော်​မူ​လိမ့်​မည်'' ဟုယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ပြော​ပြ​ကြ​ရန်၊ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ ဘု​ရား ကြေ​ညာ​လျက်​နေ​တော်​မူ​ပါ​၏။

ဟေ​ရှာ​ယ 62