အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။သူတို့သည်ထာဝရဘုရားအားမိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။