ဟေ​ရှာ​ယ 62:1-7 Common Language Bible (BCL)

1. ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည်မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။

2. အို ယေ​ရု​ရှ​လင်​မြို့၊လူ​မျိုး​တ​ကာ​တို့​သည်သင်​၏​အောင်​မြင်​ခြင်း​ကို​တွေ့​မြင် ရ​ကြ​လိမ့်​မည်။ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သင်​၏​ဘုန်း အ​သ​ရေ​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်။သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပေး​တော်​မူ​သည့်​နာ​မည်​သစ်​ကို​ရ​ရှိ​လိမ့်​မည်။

3. သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်အ​လွန်​လှ​ပ​တင့်​တယ်​သော​ဦး​ရစ်​သ​ရ​ဖူ​သ​ဖွယ် ဖြစ်​လိမ့်​မည်။

4. ``စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သူ'' ဟု​နာ​မည်​တွင် တော့​မည်​မ​ဟုတ်။သင်​၏​ပြည်​သည်​လည်း``အ​ပယ်​ခံ​ဇ​နီး'' ဟူ​သော​နာ​မည်​ကို​ခံ​ယူ​ရ​တော့​မည်​မ​ဟုတ်။သင်​၏​နာ​မည်​သစ်​မှာ``ဘု​ရား​သ​ခင်​နှစ်​သက် မြတ်​နိုး​သူ'' ဟူ​၍​ဖြစ်​လိမ့်​မည်။သင်​၏​ပြည်​သည်​လည်း``ပျော်​ရွှင်​စွာ​ထိမ်း​မြား ထား​သူ'' ဟု​နာ​မည်​တွင်​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်၊ခင်​ပွန်း​ဖြစ်​သူ​သည်​မိ​မိ​ဇ​နီး​ကို​မြတ်​နိုး သ​ကဲ့​သို့၊ သင်​၏​ပြည်​ကို​လည်း​မြတ်​နိုး​တော်​မူ​လိမ့်​မည်။

5. ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သ​ဖွယ်​သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သ​တို့​သား​သည် နှစ်​သက်​သ​ကဲ့​သို့၊ဘု​ရား​သ​ခင်​သည်​သင့်​ကို​နှစ်​သက်​တော်​မူ လိမ့်​မည်။

6. အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အားမိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။

7. ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည် ထူ​ထောင်​ကာ၊ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​ရာ​မြို့ အ​ဖြစ်​သို့​ရောက်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊သူ​တို့​သည်​ကိုယ်​တော်​အား​အ​ငြိမ်​နေ​စေ ကြ​လိမ့်​မည်​မ​ဟုတ်။

ဟေ​ရှာ​ယ 62