5. ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
6. ထိုအခါကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်မှမီးခဲတစ်ခဲကိုမီးညှပ်နှင့်ညှပ်၍ယူဆောင်ကာ ငါ့ထံသို့ပျံဆင်းလာ၏။-
7. သူသည်ငါ့နှုတ်ခမ်းကိုမီးခဲနှင့်တို့ပြီးလျှင် ``သင်၏နှုတ်ခမ်းသည်ဤမီးခဲနှင့်တို့ထိရပြီးဖြစ်သဖြင့်သင့်မှာအပြစ်မရှိတော့။ သင်သည်အပြစ်များမှဖြေလွှတ်၍သွားပေပြီ'' ဟုဆို၏။
8. ထိုနောက်ထာဝရဘုရားက``ငါသည်အဘယ်သူကိုစေလွှတ်ရပါမည်နည်း'' ဟုမေးတော်မူ၏။ငါကလည်း``ကျွန်တော်မျိုးသွားပါမည်။ ကျွန်တော်မျိုးအားစေလွှတ်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။