ယုဒပြည်တွင် သြဇိ၏မြေး၊ ယောသံ၏သား၊ အာခတ်နန်းစံစဉ်အခါစစ်ဖြစ်လေသည်။ ရှုရိ ဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ရေမလိ ၏သားပေကာတို့သည် ယေရုရှလင်မြို့ကို တိုက်ခိုက်ကြသော်လည်းထိုမြို့ကိုသိမ်းယူ နိုင်စွမ်းမရှိကြ။