1-2. ဂိဒေါင်၏သားအဘိမလက်သည်ရှေခင်မြို့ ရှိမိခင်ဘက်မှ ဆွေမျိုးအပေါင်းတို့ထံသို့ သွား၍မြို့သူမြို့သားတို့အား``သင်တို့သည် ဂိဒေါင်၏သားခုနစ်ဆယ်စလုံး၏အုပ်စိုး မှုကိုခံယူလိုကြပါသလော။ သို့တည်း မဟုတ်လူတစ်ဦးတည်း၏အုပ်စိုးမှုကို ခံယူလိုကြပါသလော။ အဘိမလက် သည်သင်တို့၏သွေးရင်းသားရင်းဖြစ် သည်ကိုမမေ့ပါနှင့်'' ဟုပြောကြားစေ၏။-
3. သူ့မိခင်၏ဆွေမျိုးသားချင်းတို့သည်လည်း ရှေခင်မြို့သားများအား ဤအကြောင်းကိစ္စ ကိုသူ၏ကိုယ်စားတင်ပြကြ၏။ အဘိ မလက်သည်မိမိတို့နှင့်ဆွေမျိုးတော်စပ် သူဖြစ်သဖြင့် ရှေခင်မြို့သားများကသူ ၏နောက်သို့လိုက်ရန်ဆုံးဖြတ်လိုက်ကြ လေသည်။-
4. သူတို့သည်မိမိတို့ပဋိညာဉ်ပြုထားသည့် ဗာလဘုရား၏ဝတ်ကျောင်းမှ ငွေအခွက် ခုနစ်ဆယ်ကိုအဘိမလက်အားပေးကြ၏။ ထိုငွေဖြင့်သူသည်အခြေအနေမဲ့သူလူ ခုနစ်ဆယ်အား မိမိနောက်သို့လိုက်ရန်ငှား ရမ်းပြီးလျှင်၊-
5. သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။-
6. ထိုနောက်ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့မှ မြို့သားအပေါင်းတို့သည်စုဝေးလျက် ရှေခင် မြို့ရှိအထိမ်းအမှတ်သပိတ်ပင်သို့သွား ရောက်၍ အဘိမလက်အားမင်းမြှောက်ကြ လေသည်။
7. ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။-
8. အခါတစ်ပါးကသစ်ပင်တို့သည်မိမိတို့ အတွက် ဘုရင်ရွေးချယ်ရန်ထွက်သွားခဲ့ကြ ၏။ သူတို့သည်သံလွင်ပင်အား`ငါတို့အပေါ် ၌မင်းလုပ်အုပ်စိုးပါ' ဟုပြောကြားကြ၏။-
9. သံလွင်ပင်က`သင်တို့အားအုပ်စိုးရမည်ဆို လျှင် ငါသည်ဘုရားသခင်၏ဂုဏ်အသရေ နှင့်လူတို့၏ဂုဏ်အသရေကိုပြုစုပေးရာ ဖြစ်သော ငါ၏အဆီကိုထုတ်ပေးမှုမှ ရပ်စဲရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
10. ထိုအခါသစ်ပင်တို့သည်သင်္ဘောသဖန်းပင်ထံ သို့သွား၍`ငါတို့အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုတောင်းပန်ကြ၏။-
11. သို့ရာတွင်သင်္ဘောသဖန်းပင်က`သင်တို့အား အုပ်စိုးနိုင်ရန် ငါသည်ကောင်း၍ချိုမြိန်သော အသီးများကိုသီးပေးခြင်းမှရပ်စဲရပေ လိမ့်မည်' ဟုဆို၏။-
12. သို့ဖြစ်၍သစ်ပင်တို့သည်စပျစ်နွယ်ပင်ထံ သို့သွားရောက်ကာ`သင်သည်လာ၍ငါတို့ အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုပန်ကြား ကြ၏။-
13. သို့ရာတွင်စပျစ်နွယ်ပင်က`သင်တို့အားအုပ်စိုး နိုင်ရန် ငါသည်ဘုရားသခင်၏စိတ်နှင့်လူ၏ စိတ်ကိုရွှင်လန်းစေတတ်သော စပျစ်ရည်ကို ထုတ်လုပ်ပေးမှုမှရပ်စဲလိုက်ရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
14. ထို့ကြောင့်သစ်ပင်အပေါင်းတို့သည်ဆူးချုံ အား မိမိတို့အပေါ်၌မင်းလုပ်အုပ်စိုးရန် လျှောက်ထားကြ၏။-
15. ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။
16. ထိုနောက်ယောသံသည်ဆက်လက်၍``ထို့ကြောင့် သင်တို့သည်အဘိမလက်ကိုမင်းမြှောက်ရာ ၌ အမှန်တကယ်ပင်ရိုးသားစွာသစ္စာစောင့် သိသူများဖြစ်ကြပါ၏လော။ သင်တို့သည် ဂိဒေါင်၏ဂုဏ်ကျေးဇူးကိုအမှတ်ရလျက် သူပြုခဲ့သည့်အမှုအရာများနှင့်ထိုက် လျောက်စွာသူ၏အိမ်ထောင်စုအပေါ်၌ ကျေးဇူးတုံ့ပြန်ရာရောက်ပါ၏လော။-